၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၉ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၉ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀ ခုနှစ် ဇွန်လ (၁၂) ရက်တွင် စာအုပ် (၂၈) မျိုး ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါ အတိုင်း စုစည်းဖော်ပြ အပ်ပါသည်-
(၁) စေတနာ၊ မေတ္တတာနှင့် အကြင်နာစာစုများ - ကိုကိုပံသု၊ (၂) ရင်သွေးရတနာ မေ့သည်းချာ ကလေးကဗျာများ - ရှင်မင်းညို၊ (၃) ပန်းသင်းခွေတို့ ပွင့်ရာမြေ ရာဇဝင်ဝတ္ထုများ - ပျံချီ (စစ်မှတ်တမ်း)၊ (၄) ငါလိုလူ - မောင်မြေမှူး၊ (၅) လက်ဆောင်မွန် ကလေးကဗျာများ - မောင်ရတနာ၊ (၆) စိတ်အခွံထဲ တိမ်တွေပြာတုန်းက - ထက်ဝေး၊ (၇) မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းများသမိုင်း - ဒေါက်တာစိန်မြင့်၊ (၈) မြန်မာလူကျော် ၁၀၀ - မောင်ဇေယျာ၊ (၉) အချစ်ဦးကဗျာများ (မြန်မာ-အင်္ဂလိပ်) - မောင်ခေတ်ထွန်း၊ (၁၀) ချစ်လို့ပြောသည်မှတ်ပါသည်နှင့် အမှတ်တရ ရသစာစုများ - လေယာဉ်မှူးကြီးသိန်းဇော်၊ (၁၁) သဲတစ်ပွင့်စီနှင့် အခြားကဗျာများ - သက်ဦးခင်၊ (၁၂) ဇာတိ မျက်ခြယ်နှင့် အခြားဝတ္ထုတိုများ - တင့်တင့်ဆွေမာ၊ (၁၃) ပန်းသင်းခွေတို့ ပွင့်ရာမြေ (ရာဇဝင် ဝတ္ထုများ) - ပျံချီ (စစ်မှတ်တမ်း)၊ (၁၄) သတ်ပုံပန်းခင်း အမှားရှင်း ကလေးကဗျာများ - နောင်၊ (၁၅) သမိုင်းထဲက သူငယ်တော် - ဗိုလ်ရှိတ် (ရတနာပူရ)၊ (၁၆) တောင်ညာစံ မိဖုရားခေါင် ကြီး အဂ္ဂမဟေသီနန်းမတော်မယ်နု - ဗိုလ်ရှိတ် (ရတနာပူရ)၊ (၁၇) ကိုယ်တိုင်ကျင့် တစ်ဆင့်ပွား ကျန်းမာရေးပညာပေး ကလေးကဗျာများ - စိုးမိုး၊ (၁၈) လမ်းဆုံးတော့ရွာ မဂ္ဂဇင်းဝတ္ထုရှည်များ - နတ်မောက်အနီချို၊ (၁၉) ကျန်ရစ်မြစ် - သော်တာအေးလဲ့၊ (၂၀) ထားဝယ်မှတ်စု (အေဒီ ၇၅၁-၁၉၄၈) - မောင်လေးတင့်၊ (၂၁) ကမ္ဘာကျော်ဖိနပ်များနှင့် အခြားအက်ဆေးများ - ထက်မြက်၊ (၂၂) ဖရုံကာကျွန်းက လွမ်းပုံပြင်နှင့် မဂ္ဂဇင်းဝတ္ထုတိုများ - ကျွန်းစဉ်မြေစောခက်၊ (၂၃) မဟာကရုဏာ သခင်၊ မီးအိမ်ရှင်ဖလောရင့်နိုက်တင်ဂေးလ် - သစ်ဦးဇင်၊ (၂၄) သမိုင်းကို ပြောင်းလဲစေခဲ့သော ကမ္ဘာကျော်အမှား ၁၀၀ - နေဦးဝေ၊ (၂၅) အက္ခရာတွေများတဲ့မိုးတိမ်ရသစာစုများ - မင်းဆက်ပိုင်၊ (၂၆) ကချေသည်ရဲ့ သတို့သား - ကြည်မွေ့အိမ်၊ (၂၇) ခွင့်ပြုပါအမိန့် တိတ်တဆိတ်လေးပဲ ဝေချင်တယ် - ကြည်မွေ့အိမ်၊ (၂၈) ပန်းဆက်သမားရဲ့ လက်နှင့် ခွန်အားဖြည့်ဒဿနဇာတ်လမ်းများ - သက်ဝေမောင်