၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၁) ရက်တွင် စာအုပ် (၁၁) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ကောင်းကင်သစ်ကို ဖွင့်လှစ်ခြင်း - ရောင်နီသစ်၊ (၂) ကျွန်တော် ထောင်းမိသော ပေါင်များ နှင့် ခပ်စပ်စပ် ကျန်းမာရေး ဆောင်းပါးများ - ဒေါက်တာဌေးအောင် (၃) TERRACOTTA VOTIVE TABLETS OF THATON – Nan Hlaing၊ (၄) မြေရှင်သူဌေးကြီးဖြစ်ပါရစေ နှင့် အခြားအိမ်ခြံမြေသိမှတ်ဖွယ်ရာအဖြာဖြာ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ၊ (၅) သန္ဓေပြောင်းလိင် - လင်းဦးနိုင်၊ (၆) 'လုပ်နိုင်သည်ကစ၍' အပါအဝင် သစ်တောနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆောင်းပါးပေါင်းချုပ် - ဒေါက်တာစန်းဝင်း (သစ်တောတက္ကသိုလ်)၊ (၇) ကျွန်ုပ်နှင့် တောတွင်းဇာတ်လမ်းများ - မင်းဏီလူ၊ (၈) ရှေးရှေးတုန်းက မြို့ရန်ကုန် - စိန်ဝင်းစိန် (၉) ဗိုလ်ချုပ်အောင်ဆန်း ပြည်ချစ်ပန်း ကလေးကဗျာများ - အမျိုးသားစာပေဆုရ မောင်မြင့်ထွန်း (၁၀) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ခြင်း - ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ-ငြိမ်း) (၁၁) Teaching-Learning English as a Language – Thi-Ha