ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူး၍ ၂၀၁၈ ခုနှစ် အတွက် အမျိုးသားစာပေဆုရ စာရေးဆရာကြီးများ စာပေစကားဝိုင်း (ပထမ) ပိုင်းကို ၁၈-၂-၂၀၂၀ ရက် နံနက် ၁၀ : ၃၀ နာရီက ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန် အဆောက်အအုံဒုတိယထပ်ရှိ စာပေဗိမာန်ခန်းမ၌ ကျင်းပသည်။
စာပေစကားဝိုင်း ပထမပိုင်းတွင် ၂၀၁၈ ခုနှစ် အမျိုးသားစာပေဆု ရရှိသူ ၁၀ ဦးအနက်မှ လေးဦးက စာပေရေးရာများကို ဝိုင်းဖွဲ့ဆွေးနွေးကြသည်။ ၂၀၁၈ ခုနှစ် အမျိုးသားစာပေဆု ရရှိခဲ့သော ၎င်းတို့၏စာအုပ်များနှင့် ပတ်သက်သည့် မည်သို့ရေးဖွဲ့ခဲ့ပုံ၊ မည်သို့ကြိုးစားခဲ့ပုံများကို ပြောဆိုဆွေးနွေးခဲ့ကြသည်။
ဤတွင် ဆရာမ မသန်းသန်း (မန်းတက္ကသိုလ်) က ၎င်းစာပေဆုရရှိခဲ့သည့် "လေးမြိုင်၊ စာပေသတ္တိဖြင့် ရှင်သန်သူ" စာအုပ်နှင့်ပတ်သက်၍လည်းကောင်း၊ ဆရာအောင်မြင့်ဦး (မဟာဝိဇ္ဇာ) က ၎င်းစာပေဆုရရှိခဲ့ သည့် "မြန်မာ့နိုင်ငံရေးသမိုင်းထဲက ပြည်သူ့ရဲဘော်" စာအုပ်နှင့် ပတ်သက်၍လည်းကောင်း၊ ဆရာဝေယံဘုန်းက ၎င်းစာပေဆုရရှိခဲ့သည့် "မိစ္ဆာကျွန်း" စာအုပ်နှင့်ပတ်သက်၍လည်းကောင်း၊ ဆရာကျော်စွာမိုးက ၎င်းစာပေဆုရရှိခဲ့သည့် "The CELL,EXILE and The new BURMA" စာအုပ်နှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးကြသည်။
ထိုစကားဝိုင်းသို့ စာပေဗိမာန်မှ စာတည်းအဖွဲ့နှင့် ပြင်ပစာပေဝါသနာရှင်အချို့ တက်ရောက် နားထောင်ကြသည်။
ကျန်ရှိနေသော စာပေဆုရဆရကြီးများနှင့် စာပေစကားဝိုင်းကို မကြာမီတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။