၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၉ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၉ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် ပေးပို့လာရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုး အလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၃) ရက်တွင် စာအုပ် (၁၁၃) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြ အပ်ပါသည်-
(၁) လွတ်လပ်စွာသဘောထားကွဲလွဲခွင့်နှင့် ပြောချင်တာကိုလည်း ပြောကတ်ပါစိဝေဆောင်းပါးများ - လေးဝတီထွန်းရွှေ၊ (၂) အာရပ်ဝတ္ထုတိုများ - တင့်ဇော်၊ (၃) ပညာပြည့်ဝနှလုံးလှ ပထဝီဝင်ပညာရှင် - ဆရာဉီးထွန်းလှအောင်၊ (၄) ပါတီကောင်းမှ အစိုးရကောင်းမယ် - ကိုစိုး (မြောင်းမြ)၊ (၅) ဗိုလ်ချုပ်မှူးကြီး သန်းရွှေမျက်နှာတော်ညိုးရော့မည် … ဝတ္ထုတိုများ - ကလောင်စုံ၊ (၆) မင်းယုဝေ ဝတ္ထုတိုပေါင်းချုပ် - မင်းယုဝေ၊ (၇) ကမ်းဆင့်လက်မွန်ဝတ္ထုတိုစာစုများ - သျှီ (အင်ကြင်း)၊ (၈) အမုန်း၏ဆွဲငင်အား - ပုညခင်၊ (၉) လောကကိုအလှဆင်ပေးနေသူ - ရွှေဘိုဘာမထီခင်အောင်၊ (၁၀) ကာရန်အလွဲ - ပုညခင်၊ (၁၁) ဘော်တွင်းမိုင်း၏ ဆေးရောင်စုံဘဝပုံရိပ်များ (ဝတ္ထုတိုစုစည်းမှု) - ဆင်တဲဝမြတ်မင်း၊ (၁၂) ပိတ်ထားတဲ့ အခန်း - ဒီနိုဗို (မြန်မာပြန်)၊ (၁၃) လိမ္မော်ရောင်ရက်စွဲများ ဝတ္ထုတိုစု - လေးသူစံ၊ (၁၄) နှလုံးသားစစ်စစ်ဖြင့်သာ - ကောင်းကင်မေ၊ (၁၅) ဘုရင်ကြီးကျန်းမာပါစေနှင့် နိုင်ငံတကာပုံပြင်များ - ထိန်လင်း၊ (၁၆) ကဗျာ့ကြေးမုံ - မော်ဝါ၊ (၁၇) အောင်မြင်ခြင်းဆယ့်သုံး ဆုံးရှုံးခြင်းသုံးဆယ် - အောင်စည်နေမျိုး၊ (၁၈) ဦးတင်မြင့်၏ပုံရိပ်များ - ဦးတင်မြင့်၊ (၁၉) ရုပ်ရှင်ပညာ - မောင်မောင်၊ (၂၀) စောင်းဆရာကြီး အင်းလေးမြင့်မောင် ဂုဏ်ပြုအမှတ်တရစာစုများ - ကလောင်စုံ၊ (၂၁) ချစ်သူတစ်ရာ အတွေးခံစားမှု - အကြီးကိုကို (ကသာ)၊ (၂၂) ဈေးကွက်မှာအောင်မြင်ဖို့ဒါတွေဆောင် ဒါတွေရှောင် - အိမ်ကြီးမောင်၊ (၂၃) ငါရို့ဇာလုပ်ကတ်ဖို့လဲ - ၁၂ - ရခိုင်လှမြင့်၊ (၂၄) ကြုံတွေ့သမျှ ဘုံဓလေ့ဘဝ ဇာတ်လမ်းစုံ - ဗိုလ်ချိုမြေ တင်တင်ဝင်း၊ (၂၅) မြေဩဇာ - လူအ၊ (၂၆) ထောင် (သို့မဟုတ်) အမေမကြိုက်တဲ့တက္ကသိုလ် - စောဝေ၊ (၂၇) မှန်ကြည့်ငှက်နှင့် ဓမ္မရသကဗျာများ - မောင်ရင့်ကျူး (မြောင်းမြ)၊ (၂၈) အနုသယကံ့ကော် - မောင်ရင့်ကျူး (မြောင်းမြ)၊ (၂၉) ဒေါင်းခေတ်၊ စုန်းပြူးနှင့်လေလှိုင်းထဲမှ စာရေးဆရာ ဆရာဝန်၏ အတွေးများ - လင်္ကာရည်ကျော်၊ (၃၀) မဟာမြိုင်အုန်းပေါက် - ဇော်ဇော်အောင်၊ (၃၁) ပြည်နယ်အနှံ့ပြန့်ကျဲစွာတည်ရှိနေသည့် … မဟာဗျူဟာ တစ်ရပ်ချမှတ်ရေး - သမိုင်းရှင် (မြောက်ဦး)၊ (၃၂) ကျွန်တော်နှင့် တပ်ချုပ်ကြီးများ ဆောင်းပါးနှင့် ဦးသိန်းစိန်သမ္မတ ဘာလို့ဖြစ်တာလဲ - ဦးဝင်းထိန်၊ (၃၃) စောရဘဏ္ဍာအိတ် သော့ပိတ်ခဲ့သူများ - မောင်လွင်မွန် (ကသာ)၊ (၃၄) ရက်ဂဒီအန်း၏ စွန့်စားခန်းများ - လင်းတည်ဦး၊ (၃၅) မျက်ရည်ကျနေတဲ့ ရယ်သံ ကဗျာစုစည်းမှု - စိုးခိုင်ညိန်း၊ (၃၆) ပွဲအဖြေ ပြောင်းနိုင်သူများ - ကိုချမ်း၊ (၃၇) သာသနာ့ ခရီးသည် - ဘဒ္ဒန္တသောမဗုဒ္ဓိ၊ (၃၈) မျှော်လင့်ခြင်းဖတ်စာ - ချမ်းမြေ့ဝင်း၊ (၃၉) မြောင်းပိုင်း ABSDF အချင်းချင်းသတ်ဖြတ်ပွဲ - ပန်းချီထိန်လင်း၊ (၄၀) တတိယမြန်မာနိုင်ငံထူထောင်သူ အလောင်းမင်း တရားကြီး - ဝေသာ၊ (၄၁) လွတ်လပ်ရေးမော်ကွန်း - တင့်တယ်၊ (၄၂) ကျွန်တော့်ဝတ္ထုထဲမှ ကျွန်တော့်ဇာတ်ဆောင်များ - သိန်းဖေမြင့်၊ (၄၃) လက်ဖက်ရည်ဆိုင် - မြသန်းတင့်၊ (၄၄) အဆင့်အတန်းမြင့်တဲ့လူနှင့် အခြားစာစုများ - အရှင်ကောသလ္လ (ရေဦး)၊ (၄၅) ကဗျာဆရာ - အောင်ချိမ့်၊ (၄၆) ခွေးထိန်းငတော - တင်ညွန့်၊ (၄၇) နိုင်ငံရေး၏ အခြေခံမူများ - ကိုဝမ်း၊ (၄၈) စီစီဝမ် တာ ပန်တိုက်ပွဲကြီး - သောင်းဝေဦး၊ (၄၉) ဆိမ်းဆိမ်းဂေါ့ဂေါ့နှင့်ဝတ္ထုတိုများ - မာန် (တောင်လုံးပြန်)၊ (၅၀) ဧည့်လမ်းညွှန် အတွေးအမြင် - အောင်သိန်း၊ (၅၁) အဓမ္မမိတ္တူ - ဝါခေါင် D ရွာလင်း၊ (၅၂) အိပ်မက်ဖက် - လင်္ကာရည်ကျော်၊ (၅၃) ကမ္ဘာ့မင်တန် - ပီ-မိုးနင်း၊ (၅၄) တွယ်ငြိတတ်သော - စုထား၊ (၅၅) မီးရွှေရောင် ဝတ္ထုတို ၅ ပုဒ် - ဌေးမောင်၊ (၅၆) ရွှင်ပျော်ပျော် အောင်မြင်ရေးအိုင်ဒီယာများ - ကျော်ရင်မြင့်၊ (၅၇) နေပျော်အောင်မြင် ဘဝသခင် - အိမ်ကြီးမောင်၊ (၅၈) ဆင့်ကဲဖြစ်စဉ်နှင့် ပညာရေး - ကလောင်စုံ၊ (၅၉) ဉပေက္ခာတောင်စွယ်ရိုးသို့ ဖြတ်သန်းခြင်းကဗျာများ - ကလောင်စုံ၊ (၆၀) SELECTIONS FROM BURMESE FOLK-TALES – MAUNG HTIN AUNG၊ (၆၁) စာရေးဆရာများက ပြောသော မြင့်မြတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း - မောင်ရွှေခေတ်၊ (၆၂) စိတ်ဓာတ်ကျသူတွေဖတ်ရမည့်စာများ - သတိုးနွယ်၊ (၆၃) မဖဲဝါနဲ့ခေါင်းပြတ်သရဲမကြီး - ဧကန်မင်း၊ (၆၄) ဗုဒ္ဓုပ္ပတ္တိပျို့ - အရှင်မဟာသီလဝံသ၊ (၆၅) တန်တားဦးတည် မင်္ဂလာစေတီတော်မော်ကွန်း နှစ်စောင်တွဲ - ရှင်မဟာရဋ္ဌသာရ၊ (၆၆) ဝေဿန္တရာပျို့ - စာဆိုတော်ဦးနိုး၊ (၆၇) မျက်လှည့်သမားရဲ့ လက်ဖက်ရည် - ညီ (ပခုက္ကူ)၊ (၆၈) တောင်သူကဖေး - သုခေတ်အိမ်၊ (၆၉) စိတ်လိုက်မာန်ပါစိမ်းတယ် - မဟာသတိ (ကျုံပျော်)၊ (၇၀) ဖြောင့်ချက် - ရခိုင်လှမြင့်၊ (၇၁) စူး - သင့်လူ၊ (၇၂) အမေသည်သာ (ခံစားမှုရသစာစုများ) – Ju Nile၊ (၇၃) အလင်းစေတမန် -၄ ကဗျာများ - ကလောင်စုံ၊ (၇၄) သမိုင်းဝင်ထင်ရှား ပုဂ္ဂိုလ်ကျော်များ - လင်းတည်ဦး၊ (၇၅) ချစ်ခြင်းဖွဲ့သီသော အတွေးအိမ် … - မေမြတ်ကျော်၊ (၇၆) Mailam thu hong kilahna kilaakna – steven lampman၊ (၇၇) တောရိုင်းမြေ -ကျော်အောင်၊ (၇၈) ခရစ်ယာန်သမိုင်းမှ စံပြုထိုက်သူများ - ဆရာဆန်ကျဲဦးလွယ်၊ (၇၉) မျောက်ကလေး ဖိုးညို ပါဝင်သော အာဟာရ … တန်ဖိုးထားပါ - ညီညီ (စိတ်ပညာ)၊ (၈၀) မောင်ကိုကို ဝတ္ထုတိုပေါင်းချုပ် - မောင်ကိုကို (အမရပူရ)၊ (၈၁) သမီးလေးဖတ်ဖို့ ဘဝစာပေ - P star ၊ (၈၂) မျက်လုံးနှင့် ခြေထောက် - ကောလေး (ဘုမ္မဝတီ)၊ (၈၃) မိန်ရာသီ ထန်းပေါင်းလပေမို့ လွမ်းတယ်မောင်ရယ် - မေ (ပြင်ဦးလွင်)၊ (၈၄) ယောနယ် ရှေးတင်းများ - လူထုဦးလှ၊ (၈၅) ရခိုင်ပုံပြင်များ (ဒုတိယတွဲ) - လူထုဦးလှ၊ (၈၆) သာယာဝတီရင်ပြင်နီနှင့်အခြားကဗျာများ - စမ်းစမ်းနွဲ့ (သာယာဝတီ)၊ (၈၇) လောကရဲ့ ချောင်ကြိုချောင်ကြားက ကဗျာများ - မိုးဝေး၊ (၈၈) ချွေးမပြန်ပါနဲ့ - အောင်လှိုင်၊ (၈၉) ခရီးသုံးဖော် - ကလောင်စုံ၊ (၉၀) ထွေရာလေးပါးဋီကာ - သစ္စာနီ၊ (၉၁) မေမေ့နာမည်နဲ့ကြယ် - ခင်အောင်အေး၊ (၉၂) တစ်နေရာစီ - သန့်ဇော်၊ (၉၃) စည်းနဲ့ ကမ်းနဲ့ မြန်မာစာ - ဒေါက်တာထွန်းတင့်၊ (၉၄) ရိုးမခေါ်သံ - တင်ညွန့်၊ (၉၅) ပို့စ်မာ့က်စ်ဝါဒ သို့မဟုတ် လက်ဝဲသစ် - သန်းစိုးနိုင်၊ (၉၆) ဝါးကမ္ဘာမှာ စုန်ဆန်သွားလာခြင်း - ဝင်းမော်ငြိမ်း၊ (၉၇) ပြည်သူ့ကိုယ်စားလှယ် ရွေးကောက်ပွဲဆိုသည်မှာ - ချစ်မင်း (မြစ်ကြီးနား)၊ (၉၈) စိတ်ကူးယဉ်မှ သိပ္ပံနည်းကျသို့ ဆိုရှယ်လစ်ဝါဒ၊ မာ့က်ဝါဒ၊ ကွန်မြူနစ်ဝါဒ ဖြစ်ထွန်းတိုးတက်မှု အနှစ် ၅၀၀ ခရီးစဉ် - မင်းနိုင်ထွန်း (မြန်မာပြန်)၊ (၉၉) စစ်နှင့်စစ်သား - လူထုဦးလှ၊ လူထုဒေါ်အမာ၊ (၁၀၀) ကမ္ဘာမြေချစ်သူ - ဆရာကြီးဦးအုန်း၊ (၁၀၁) စာတိုပေစု စီမံမှု (၂) – kaung hein soe၊ (၁၀၂) တိမ်မြုပ်နေသော သခင်ကိုယ်တော်မှိုင်း စာပေများ - မြင့်ဆွေ၊ (၁၀၃) ပုဂ္ဂလိကလက်ထဲက မြန်မာ့ဆန်စပါးလုပ်ငန်းနှင့် မြန်မာ့ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး - မောင်တိုင်ပင်၊ (၁၀၄) သူတို့မြင်တဲ့ ယနေ့တရုတ်ပြည် - ကလောင်စုံ၊ (၁၀၅) မေတ္တာပန်းခင်း ကလေးကဗျာများ - အောင်စည်နေမျိုး၊ (၁၀၆) ၁၃၈၁ ခေတ်ပြိုင်၏တွန်းအား - ကလောင်စုံ၊ (၁၀၇) ဗုဒ္ဓဝန္ဒနာ ကလေးကဗျာ - မောင်ဧရာ၊ (၁၀၈) ကျန်းမာရေးဆောင်းပါးပေါင်းချုပ် (၁) – ဒေါက်တာအောင်စိုး (ဟာဂျီ မုဟမ္မဒ် ယူစုဖ်)၊ (၁၀၉) ဇော်ဂျီ၏ စာရှုခင်း (၆) ပလေတိုနိဒါန်း - ဇော်ဂျီ၊ (၁၁၀) ဝမ်းဝမ်းတို့မောင်နှမ ခရီးထွက်ခြင်း - alex thar ၊ (၁၁၁) ဝမ်းဝမ်းတို့မောင်နှမ မူကြိုသွားကြပြီ - alex thar ၊ (၁၁၂) ဝမ်းဝမ်းမောင်နှမ ရန်ကုန်ကိုအလည်သွားခြင်း - alex thar ၊ (၁၁၃) ဖွဲ့စည်းပုံအခြေခံဉပဒေ (၂၀၀၈ ခုနှစ်) ပါ ပြည်ထောင်စု ရွေကောက်ပွဲ ကော်မရှင်၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲစနစ်များ - ဦးစိုင်းကျော်သူ