၂ဝ၁၈ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စာပေဗိမာန်စာမူဆု ရွေးချယ်နိုင်ရေး အဖွဲ့ကြီး အစည်းအဝေးကို ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလ ၆ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
စာပေဗိမာန်စာမူဆု ရွေးချယ်နိုင်ရေး အဖွဲ့ကြီး အစည်းအဝေးသို့ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)၊ ဒေါ်ခင်ဖုဏ်းရည် (နတ်မောက်အနီချို)၊ ဒေါ်မြမြသန်း(မနှင်းဖွေး)၊ ဦးဝင်းငြိမ်း (ဝင်ငြိမ်း)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦလေးမြတ် (ကိုလေးမြတ်)၊ ဦးတင့်ခိုင် (တင့်ခိုင်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးရန်စိန် (မောင်စံဗြော)၊ ဦးလေးမြင့် (ရွှေဒါးမောင်လေးရည်)၊ ဦးသိန်းစိုး (မင်းချမ်းမွန်)၊ ဒေါက်တာစိုးနိုင်၊ ဦးဇော်လင်း (လင်းအေး)၊ ဦးမြတ်တိုးဝေ (မြတ်တိုးဝေ-ပညာရေးတက္ကသိုလ်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ ဆေး/မန်း)၊ ဒေါက်တာအေးကျော် (ဆေးသုတေသန)၊ ဦးနေမျိုးနိုင် (နေမျိုးနိုင်)၊ ဦးကျော်ဦး (ကျော်ဦး)၊ ဦးတင်မောင်လတ် (မောင်ခိုင်လတ်)၊ ဒေါက်တာမြင့်သန်း (ညောင်လေးပင်)တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာညိမ်းညိမ်း (ရှင်ညိမ်းမယ်)၊ ဒေါက်တာအေးကျော် (ဆေးသုတေသန)၊ ဦးမော်လင်း (မော်လင်း)၊ ဦးမြဝင်း (မြဝင်း-ဒဿန) တို့က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် စာမူများ အနက် ဘာသာရပ်အလိုက် ဆုရွေးချယ်ချီးမြှင့်နိုင်ရေး စိစစ်ရွေးချယ်ခဲ့ကြမှု အခြေအနေများကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။