၂ဝ၁၅ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၇ ရက် နံနက် ၁၀:၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ အဖွဲ့ငယ် အတည်ပြုအဆင့် အစည်းအဝေးသို့ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)၊ ဦးမြင့်ကြိုင်၊ ဦးစိန်လှိုင် (သူရဇော်)၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)၊ ဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော)၊ ဦးမြတ်ဝေတိုး (မြတ်ဝေတိုး-ပညာရေးတက္ကသိုလ်)၊ ဦးအောင်သန်း (မင်းခန့်ရွှေ) တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ အတည်ပြုအဆင့် စာမူများ စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။