ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကျင်းပသည့် မြန်မာမှု၊ မြန်မာဓလေ့၊ မြန်မာ့အတွေးအမြင် စာတမ်းဖတ်ပွဲ အခမ်းအနား (ဒုတိယနေ့)ကို (၂၉-၉-၂၀၁၉)ရက် နံနက် (၉:၀၀) နာရီက သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်မြို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဉီးစီးဌာန စုပေါင်းခန်းမ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာနရုံး စုပေါင်းခန်းမ၌ စတင်ကျင်းပသည်။
အခမ်းအနားသို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မျိုးမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦ:ကိုကိုနိုင်၊ စာတမ်းရှင်များ၊ သဘာပတိအဖွဲ့ဝင်များ၊ စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ ဖိတ်ကြားထားသူများ၊ စာပေမြတ်နိုးသူများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။
ထို့နောက် စာတမ်းဖတ်ပွဲဖြစ်မြောက်ရေးကော်မတီ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က စာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စာတမ်းဖတ်ပွဲ ဒုတိယနေ့ နံနက်ပိုင်း သဘာပတိများအဖြစ် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဆရာကြီးပါမောက္ခဦးသိန်းလှိုင်နှင့် ဆရာကြီးဦးကြည်ဝင်း (လောကအမွန်) တို့က ဆောင်ရွက်ကြသည်။ ထို့နောက် ဆရာဦးအေးချို (မဟာဝိဇ္ဇာ)က "မြန်မာ့ဓလေ့ဆုံးမစာများမှ မြန်မာ့ယဉ်းကျေးမှု အမြင်စာတမ်း" စာတမ်းကို ဖတ်ကြားသည်။ ထို့နောက် ဆရာဒေါက်တာတိုးလှ (ကိုယ်စား) ဆရာမဒေါက်တာနိုင်နိုင်ကြည် (ပါမောက္ခ၊ သမိုင်းဌာန)က "ဗဒုံမင်းနှင့်အမိန့်တော်များ (အမိန့်တော်များထဲမှ ခေတ်သမိုင်းကို ဖော်ထုတ်ကြည့်ခြင်း)" စာတမ်းနှင့် ဆရာမဒေါက်တာညိမ်းညိမ်း (ပါမောက္ခ၊ မြန်မာစာဌာန)က "ကဗျာထဲက ဝတ်စားဆင်ယဉ်မှုစာတမ်း"တို့ကို ဖတ်ကြားခဲ့သည်။
ထို့နောက် စာတမ်းဖတ်ကြားခဲ့သည့် ဆရာကြီးများအား ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မျိုးမြင့်က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
စာတမ်းဖတ်ပွဲ မွန်းလွဲပိုင်းအစီအစဉ်များကို မွန်းလွဲ (၁:၀၀)နာရီတွင် ဆက်လက်ကျင်းပရာ သဘာပတိ အဖြစ် ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ-ငြိမ်း)၊ ဆရာဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးသန်းအုန်း (မောင်ဇေယျာ)တို့က ဆောင်ရွက်ကြသည်။ ဒေါက်တာစိုးစိုးနိုင် (ရန်ကုန်တက္ကသိုလ်)က "မြန်မာ့ လယ်ယာလုပ်ငန်းသုံးထွန်တုံး" စာတမ်းကိုလည်းကောင်း၊ ဆရာမဒေါက်တာမိုမိုသန့် (ရန်ကုန် တက္ကသိုလ်) (ကိုယ်စား) ဆရာမဒေါက်တာခင်သီတာ (ပါမောက္ခဌာနမှူး၊ နိုင်ငံခြားဘာသာ တက္ကသိုလ်) က "မြန်မာ့လူ့ဘောင်အဖွဲ့အစည်းနှင့်သီလရှင်" စာတမ်းကို ဖတ်ကြားသည်။
ထို့နောက် စာတမ်းဖတ်ကြားခဲ့သည့် ဆရာကြီးများအား ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မျိုးမြင့်က ဂုဏ်ပြုလက်ဆောင် များ ပေးအပ်ချီးမြှင့်သည်။
မြန်မာမှု မြန်မာ့ဓလေ့ မြန်မာ့အတွေးအမြင် စာတမ်းဖတ်ပွဲတွင် တက်ရောက်လာကြသည့် စာပေဝါသနာ ရှင်များက မေးခွန်းများ ဆွေးနွေးမေးမြန်းခဲ့ကြပြီး ပရိသတ်များ၏ မေးမြန်းမှုများနှင့်ပတ်သက်၍ စာတမ်းရှင်များက ပြန်လည်ရှင်းလင်းဖြေဆိုခဲ့ကြသည်။
မွန်းလွဲပိုင်း စာတမ်းများဖတ်ကြားပြီးနောက် နံနက်ပိုင်းစာတမ်းဖတ်ပွဲမှ "ဗဒုံမင်းနှင့်အမိန့်တော်များ (အမိန့်တော်များထဲမှ ခေတ်သမိုင်းကို ဖော်ထုတ်ကြည့်ခြင်း)" စာတမ်း စာတမ်းရှင် ဒေါက်တာတိုးလှက စာတမ်းအတွက် မေးမြန်းထားသည့် မေးခွန်းများကို ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မျိုးမြင့်က မြန်မာမှု မြန်မာ့ဓလေ့ မြန်မာ့အတွေးအမြင် စာတမ်းဖတ်ပွဲ အခမ်းအနားနိဂုံးချုပ်စကားပြောကြား၍ (၂၉-၉-၂၀၁၉) ရက် ဒုတိယနေ့ စာတမ်းဖတ်ပွဲ အောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။