related topics
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဦးစီးထုတ်ဝေသည့် မြန်မာဂန္ထဝင်အတွဲ (၁၊၂၊၃) ထုတ်ဝေခြင်း မိတ်ဆက် အခမ်းအနားကို ၃-၁၂-၂၀၁၈ (တနင်္လာနေ့) တွင် Sule Shangri-La ၌ ကျင်းပသွားမည်ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသည့် မြန်မာဂန္ထဝင်စာစဉ်များမှာ ပြည်သူများအနေဖြင့် မြန်မာ့ရှားပါးစာအုပ်များကို တစုတစည်းတည်း ပြန်လည်ဖတ်ရှု လေ့လာခံစားနိုင်ရန် ရည်ရွယ်၍ ထုတ်ဝေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။