ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် (၇၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပထမစာပေစကားဝိုင်း "ရသစာတမ်း (အက်ဆေး) စာပေဖွံ့ဖြိုးရေး စာပေစကားဝိုင်း" ကို ဩဂုတ်လ ၂၁ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
"ရသစာတမ်း (အက်ဆေး) စာပေဖွံ့ဖြိုးရေး စာပေစကားဝိုင်း" တွင် ဆရာမောင်ခင်မင် (ဓနုဖြူ)၊ ဆရာမောင်ရင့်မာ (ကျောင်းကုန်း)၊ ဆရာမရှင်ညိမ်းမယ်နှင့် ဆရာမပန်းရိပ်ဖြူတို့ ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ပရိတ်သတ်များနှင့် အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုနေကြသည့် ပရိတ်သတ်များက သိလိုရာများမေးမြန်းခဲ့ကြရာ ဆရာ/ဆရာမများက ပြန်လည်ဖြေကြားခဲ့ပြီး စကားဝိုင်းကို မွန်းလွဲ ၂ : ၀၀ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
ယင်းစာပေစကားဝိုင်းကို Myanmar Digital News Facebook Page၊ စာပေဗိမာန် Facebook Page sarpaybeikman.pol@gmail.com၊ မြန်မာ့ရုပ်မြင်သံကြားနှင့် MOI web Portal တို့မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြောင်းသတင်းရရှိသည်။
မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။
ဆက်ဖတ်ရန်