• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် “စာပေဗိမာန်” စာပေအတိုင်ပင်ခံအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် “စာပေဗိမာန်” စာပေအတိုင်ပင်ခံအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

13-Jul-2020
စာပေဗိမာန်,
SPBM

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ၁၀-၇-၂၀၂၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည့် “စာပေဗိမာန်” စာပေအတိုင်ပင်ခံအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စာပေဗိမာန်၏ စာပေအတိုင်ပင်ခံအဖွဲ့ကို စာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရန်၊ စာပေဗိမာန်၏ စာပေဆိုင်ရာ၊ ဘာသာပြန်ခြင်းဆိုင်ရာ၊ ထုတ်ဝေခြင်းဆိုင်ရာလုပ်ငန်းများ၊ လွတ်လပ်စွာ အရည်အသွေးပြည့် ဆောင်ရွက်နိုင်ရန်နှင့် စာပေဗိမာန်စာကြည့်တိုက် ခေတ်မီ ဖွံ့ဖြိုးရန် ရည်ရွက်ချက်များဖြင့် စာပေပညာရှင်များစွာဖြင့် ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် အစည်းအဝေး ကျင်းပခြင်း ဖြစ်ပါကြောင်း။

စာပေဗိမာန်ကို ယခင်ကတည်းက ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပြင်ပမှ ပညာရှင်များနှင့် ဝါရင့်အယ်ဒီတာ/စာတည်းများ စုပေါင်း၍ အင်အားတောင့်တောင့်တင်းတင်းဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ စည်သူဒေါက်တာသော်ကောင်း၊ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ စသည့် စာပေပညာရှင်များဖြင့် ပါဝင်ဖွဲ့စည်းနိုင် သော်လည်း အယ်ဒီတာ/စာတည်းများမှာမူ ငယ်ရွယ်ပြီး အတွေ့အကြုံအားနည်း ပါသေးကြောင်း၊ အဖွဲ့ဝင် စာပေပညာရှင်ကြီးများအနေဖြင့် အသက်အရွယ်/ကျန်းမာရေးအရဖြစ်စေ၊ လုပ်ငန်းကဏ္ဍ များစွာတွင် ပါဝင်ဆောင်ရွက်ရမှုကြောင့်ဖြစ်စေ မကြာခဏတွေ့ဆုံရန် အခြေအနေမပေးသော်လည်း ကနဦးအစပိုင်းတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို တစ်လလျှင် နှစ်ကြိမ်ခန့်နှင့် အလုပ်အပေါ် မူတည်၍ လိုအပ်သလို ဆောင်ရွက်ပေးကြပါရန်နှင့် နောက်ပိုင်းတွင် တစ်လတစ်ကြိမ်ခန့်ဖြင့် ပုံမှန်ဆောင်ရွက်ပြီး အကြံဉာဏ်ပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း လုပ်ငန်းများတွင် ပါဝင်ကြီးကြပ် လမ်းညွှန်ခြင်းတို့ကို ပြုလုပ်ပေးကြစေလိုပါကြောင်း ထိုသို့ဆောင်ရွက်ရာတွင် စာပေထုတ်ဝေရေး လုပ်ငန်းများအပြင် စာပေအထိမ်းအမှတ်ပွဲများ၊ စာတမ်းဖတ်ပွဲများ စသည့်လှုပ်ရှားမှုများဖြင့် အစီအစဉ်ရှိရှိ ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။ အစည်းအဝေးတွင် တက်ရောက်လာကြသူများက စာပေဗိမာန်မှ ဆောင်ရွက်ခဲ့သည့် စာပေဖွံ့ဖြိုးမှုဆိုင်ရာ အစဉ်အလာများအတိုင်း တစ်ခေတ်ပြန်လည်ဆန်းသစ် ဆောင်ရွက်နိုင်ရန် ထုတ်ဝေသည့် စာအုပ်စာပေ အရည်အသွေးများကောင်းမွန်ရန် စာပေဗိမာန်စာတမ်းဖတ်ပွဲများကို စနစ်တကျ ဆောင်ရွက်ပြီး စာအုပ်ထုတ်ဝေရန် စတည်းအဖွဲ့များ စာပေလေ့လာရေးဆိုင်ရာ အတွေ့အကြုံများ မြှင့်တင်နိုင်ရေးသင်တန်းများ ဖွင့်လှစ်ရန်၊ စာပေဗိမာန်မှ ထုတ်ဝေခဲ့သည့် စာအုပ်ကောင်းများ ပြန်လည်ထုတ်ဝေရန် ယနေ့ခေတ်လူငယ်များကို စာပေဗိမာန်၏ လုပ်ငန်းဆောင်ရွက်မှုများ သိရှိရန်  Social Media များမှတစ်ဆင့် တင်ပြရန် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာမှုဆိုင်ရာ စာအုပ်များကို အင်္ဂလိပ်ဘာသာြဖင့် ထုတ်ဝေနိုင်ရန်၊ အများပြည်သူ ဗဟုသုတအသိပညာပေးနိုင်ရေး သိပ္ပံနှင့်နည်းပညာ စာအုပ်များ ထုတ်ဝေရန်တို့ကို ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

“စာပေဗိမာန်စာပေအတိုင်ပင်ခံအဖွဲ့ကို စည်သူဒေါက်တာသော်ကောင်း၊ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဒေါ်အဝင်း (စာကြည့်တိုင်ပညာရှင်)၊ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးဌေးဝင်း (မောင်လင်းရိပ်) စုစုပေါင်းပညာရှင် ကိုးဦးဖြင့် ဖွဲ့စည်းထား ပြီး လုပ်ငန်းတာဝန် (၈) ရပ် သတ်မှတ်ကာ စာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအားဖြည့် ဆောင်ရွက်နိုင်ရန်နှင့် စာပေဗိမာန်စာကြည့်တိုက် ခေတ်မီဖွံ့ဖြိုးစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။





related topics
စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

13-Jul-2020
စာပေဗိမာန်,
SPBM
စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

13-Jul-2020
စာပေဗိမာန်,
SPBM
စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

13-Jul-2020
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အရောင်းဌာန
  • စာပေဗိမာန်
  • ပုံနှိပ်ရေး
  • ပြည်သူ့လက်စွဲစာစဉ်
  • စာကြည့်တိုက်
  • အခမ်းအနားများ
  • စာပေရေချမ်းစင်
  • ပြိုင်ပွဲများ
  • စာမူများ
  • ရွှေသွေး
books
  • ¬၁၀ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) ထွက်ရှိ

    09-May-2025
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    05-May-2025
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ ညိမ်းညို၏ ‘စာမျက်နှာတချို့’ စာအုပ်ကို ဖြန့်ချိ

    05-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman