• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ

26-Nov-2018
စာပေဗိမာန်,
SPBM

ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆု ချီးမြှင့်ရန် ရွေးချယ်ခြင်း ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို  ယနေ့ထုတ်ပြန် ကြေညာသည်။

၀တ္ထုရှည်ဆုတွင် လူခါး ရေးသားသည့်  မြန်မာပြည်အပြင်ဘက်စာအုပ် (၇၇၇၇ စာပေတိုက်)၊ ၀တ္ထုတိုပေါင်းချုပ်ဆုတွင် တင့်ဇော် ရေးသားသည့်  အရသာမတူသောပန်းသီးများစာအုပ် (လင်းလွန်းခင် စာပေတိုက်)၊ ကဗျာဘာသာရပ်ဆုတွင် မနီတာ ရေးသားသည့် အင်း၀သို့ ရင်ခုန်ခြင်း ကဗျာရှည်စာအုပ်(ခြူးခြူးစာပေတိုက်)၊ စာပဒေသာဆုတွင် တင်ညွန့်ရေးသားသည့်  ကျောင်းဆရာ မှတ်တမ်းစာအုပ်(မောက္ခစာပေတိုက်)၊ ကလေးစာပေ ဆုတွင် စံပယ်ဖြူနု ရေးသားသည့်  ပါလေရာ အယ်နီစာအုပ်(ကံ့ကော်ဝတ်ရည်စာပေတိုက်)၊ ဘာသာပြန်(သုတ)ဆုတွင် လင်းထက်ဆွေ ရေးသားသည့် ဟိမ၀န္တာခရီးသည်၏ဆေးဘုရားရှာပုံတော် စာအုပ်(စွယ်တော်စာပေတိုက်)၊     ဘာသာပြန်(ရသ) ဆုတွင် တင့်ဇော်ရေးသားသည့်  အာရှ၀တ္ထုတိုများစာအုပ် (ဓာနဒီစာပေတိုက်)၊ သုတပဒေသာ(ဝိဇ္ဇာ) ဆုတွင် ဆင်ဖြူကျွန်းသန်းထွန်း ရေးသားသည့် ပြည်သူဗဟိုပြုဝန်ဆောင်မှုများဆီသို့ စာအုပ် (Quality Publishing House စာပေတိုက်)၊ နိုင်ငံရေးစာပေဆုတွင် မောင်မောင်စိုး ရေးသားသည့်  မြောက်ဦးစစ်တမ်းစာအုပ်(ရွှေနဒီစာပေတိုက်)၊ အင်္ဂလိပ်ဘာသာ (သုတ) ဆုတွင် Dr. Khin Let Yar ရေးသားသည့်  Burma’s Fate စာအုပ် (ဇွန်ပွင့်စာပေတိုက်)၊ ရသစာတမ်းဆုတွင် မောင်ရင့်မာ(ကျောင်းကုန်း) ရေးသားသည့်  နွေနှောင်းတစ်ည၌ လရောင်နှင့်လေညင်းကို တွေ့ရှိခြင်း စာအုပ်(ဝန်ချတောင် စာပေတိုက်)တို့ကို ဆုချီးမြှင့်ကြောင်း ကြေညာသည်။

အမျိုးသားစာပေဆုကို ယခင်က ကျပ်သုံးသိန်း ချီးမြှင့်ခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ကျပ်ငါးသိန်းထိလည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် ကျပ် ၁၀ သိန်းထိ လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ကျပ် ၁၅ သိန်းထိလည်းကောင်း အဆင့်ဆင့်တိုးမြှင့်ခဲ့သည်။ ယခုနှစ်တွင် ကျပ် ၂၅ သိန်းသို့ တိုးမြှင့် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများပါဝင်သော ပုဂ္ဂိုလ် (၆၅) ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားပြီး ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြသည်။

ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ တယ်လီဖုန်းအမှတ် ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅ × ၇) လက်မ ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ  တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါဆုများကို ၈-၁၂-၂၀၁၈ ရက် (စနေနေ့)တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်မည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



related topics
စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

26-Nov-2018
စာပေဗိမာန်,
SPBM
စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

26-Nov-2018
စာပေဗိမာန်,
SPBM
စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

26-Nov-2018
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာအုပ်များ
  • အခမ်းအနားများ
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
  • ရွှေသွေး
  • စာပေဗိမာန်
  • ပုံနှိပ်ရေး
  • စာကြည့်တိုက်
  • အရောင်းဌာန
  • ပြည်သူ့လက်စွဲစာစဉ်
books
  • ¬၁၀ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) ထွက်ရှိ

    09-May-2025
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    05-May-2025
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ ညိမ်းညို၏ ‘စာမျက်နှာတချို့’ စာအုပ်ကို ဖြန့်ချိ

    05-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman