၂ဝ၁၇ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ဘာသာပြန်စာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက် နံနက် ၁၁:၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဘာသာပြန်စာပေ အဖွဲ့ငယ် အတည်ပြုအဆင့် အစည်းအဝေးသို့ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်) တို့ တက်ရောက်ခဲ့ပြီး ဒေါက်တာအေးကျော် (ဆေးသုတေသန) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာပြန်စာပေ စာမူများ အတည်ပြုအဆင့် စိစစ်ဖတ်ရှု နေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။
ဆက်ဖတ်ရန်