• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

အမျိုးသားစာပေကဗျာဆုနှင့်ပတ်သက်၍ အသိပေးရှင်းလင်းချက်

11-Jun-2018
စာပေဗိမာန်,
SPBM

၁။    မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကို အဓိကရှေးရှု၍ အမျိုးသားစာပေဆုကို နိုင်ငံတော်မှ ချီးမြှင့်လျက်ရှိရာ နိုင်ငံတော်ကိုယ်စား ပြန်ကြားရေး ဝန်ကြီး ဌာနမှ ဆုချီးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါသည်။

၂။    ထိုသို့ဆောင်ရွက်ရာတွင် တစ်နှစ်သက်တမ်းရှိသော အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီကို ဌာနဆိုင်ရာဝန်ထမ်းများ လုံးဝမပါရှိစေဘဲ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ် ပညာရှင်များထဲမှ ထင်ပေါ်ကျော်ကြားသူများဖြင့် ဖွဲ့စည်းဆောင်ရွက်စေခြင်းမျိုး ဖြစ်ပါသည်။ ဆုများကို ရွေးချယ်ချီးမြှင့်ရာတွင်လည်း လွတ်လပ်သော စာပေပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အဆိုပါ ကော်မတီမှပင် ပဏာမအဆင့်၊ ဆန်ကာတင်အဆင့်၊ အတည်ပြုအဆင့်များ သတ်မှတ်ရွေးချယ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနသို့ တင်ပြကာ ယင်းအားဌာနက အပြီးသတ်အတည်ပြု ဆုချီးမြှင့်ပေးခြင်း ဖြစ်ပါသည်။

၃။    ၂ဝ၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကိုလည်း ပြန်ကြားရေး ဝန်ကြီးဌာန၏ (၂ဝ-၃-၂ဝ၁၈) ရက်စွဲပါ အမိန့်ကြော်ငြာ စာဖြင့်  ဥက္ကဋ္ဌ စည်သူဒေါက်တာသော်ကောင်း၊ ဒုဥက္ကဋ္ဌ (၁) ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဒုဥက္ကဋ္ဌ (၂) ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း) အပါအဝင် စာရေးဆရာကြီး၊ ဆရာမကြီး (၆၅) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီအနေဖြင့် (၁၉-၅-၂ဝ၁၈) ရက်နေ့တွင် စုံညီအစည်းအဝေးကျင်းပခဲ့ရာ သတ်မှတ် မည့် ဆုအမျိုးအစား၊ အရေအတွက်၊ တစ်သက်တာဆုရှင်ရွေးချယ်မှု စသည်တို့ကို ဆွေးနွေးညှိနှိုင်း ကြရာ၌ ကဗျာဆုချီးမြှင့်ရာတွင် ဆုတစ်ဆုတည်းသာ ချီးမြှင့်မည် (သို့မဟုတ်) အစဉ်အလာကဗျာနှင့် ခေတ်ပေါ်ကဗျာဟူ၍ နှစ်ဆုခွဲ၍ ချီးမြှင့်မည်ဆိုသည့် အချက်ကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြ ပါသည်။

၄။    အဆိုပါကိစ္စရပ်သည် ယခုမှစတင်ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ယမန်နှစ်က အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အစည်းအဝေး ကျင်းပ စဉ်ကလည်း ကဗျာဆုကို တစ်ဆုတည်းပေးမည်လား၊ နှစ်ဆုခွဲ၍ ပေးမည်လား ဆွေနွေးခဲ့ကြပြီး ဖြစ်ပါသည်။ ထိုစဉ်က ကော်မတီဝင်များ မဲခွဲဆုံးဖြတ်ခဲ့ရာ ကဗျာဆုတစ်ဆုတည်းချီးမြှင့်ရန် (၃၆) မဲနှင့် ကဗျာဆုနှစ်ဆုချီးမြှင့်ရန် (၂၁) မဲ ရရှိသဖြင့် ကဗျာဆုကို နဂိုမူလအတိုင်း တစ်ဆုတည်းသာ ချီးမြှင့်ရန်  လျာထားဆောင်ရွက်ခဲ့ပါသည်။

၅။    ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် စာပေအဖွဲ့အစည်းများ၏ စည်းရုံးဆော်သြမှုဖြင့် စာပေညီလာခံ တစ်ရပ် ကျင်းပခဲ့ပါသည်။ “လွတ်လပ်သောစာပေ၊ လွတ်လပ်သောအသံ စာပေညီလာခံ”  ဟူသော ကြွေးကြော်သံအတိုင်း အဆိုပါညီလာခံသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ဦးဆောင်မှုမပါဝင်ဘဲ  စာပေအဖွဲ့အစည်းများက လွတ်လပ်စွာဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ညီလာခံကျင်းပရေးလုပ်ငန်း အောင်မြင်ရေး အတွက်  လိုအပ်သော ကိစ္စရပ်များတွင် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ခြင်းမျိုးသာ ပြုလုပ်ပေးခဲ့ပါသည်။ ထိုစာပေ ညီလာခံမှ ဆုံးဖြတ်ချက် (၄ဝ) ချမှတ်ရာတွင် ကဗျာဆုအား နှစ်ဆုချီးမြှင့်ရေးလည်းအပါအဝင် ဖြစ်ခဲ့ပြီး ယင်းတို့အား စာပေညီလာခံမှ တာဝန်ရှိသူများက ပြန်ကြားရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ပါသည်။

၆။    ယခုနှစ်ဆောင်ရွက်သည့်  ၂ဝ၁၇ ခုနှစ်  အမျိုးသားစာပေဆု  စိစစ်ရွေးချယ်ရေးကော်မတီ ၏ စုံညီအစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဧည့်သည်တော်အဖြစ် တက်ရောက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ဆွေးနွေးညှိနှိုင်းမှုများကို နားထောင်ကာ စာပေညီလာခံအနေဖြင့်လည်း ကဗျာဆုနှစ်ဆုပေးလိုသည်ကို သိရှိရကြောင်း၊ မနှစ်က အစည်းအဝေးများတွင်လည်း ကဗျာဆုနှစ်ဆု/ တစ်ဆုပေးလိုသည့် ဆွေးနွေးမှုများရှိခဲ့ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်မူ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဗျာဆုတစ်ဆုချီးမြှင့် သည်ဖြစ်စေ၊ နှစ်ဆုချီးမြှင့်သည်ဖြစ်စေ သဘောတူပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

၇။     သို့သော် အဆိုပါနေ့က ဆွေနွေးမှုများတွင် ဝိဝါဒကွဲပြားမှုများရှိနေသဖြင့် ကော်မတီအဖွဲ့ဝင် (၆၅) ဦး အနေဖြင့် မိမိတို့ဆန္ဒအသီးသီးကို စာဖြင့် ရေးသားတင်ပြပြီး ယင်းမှထွက်ပေါ်လာသည့် အများစုသဘောထားအတိုင်း ဆောင်ရွက်ကြရန် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်များအရ ပြန်လည်ရရှိသော သဘောထားဆန္ဒများကို       (၂-၆-၂ဝ၁၈) ရက်နေ့ အစည်းအဝေးတွင် ရေတွက်သည့် အခါ အမျိုးသားစာပေကဗျာဆုကို တစ်ဆုတည်းသာပေးလိုသည်ဟု ဆန္ဒပြုသူ (၄ဝ) ဦးနှင့် နှစ်ဆုပေးလိုသည်ဟု ဆန္ဒပြုသူ (၂၄) ဦးတို့ ရှိခဲ့ကြောင်းကို သိရှိရပါသည်။

၈။    ထိုသို့ အမျိုးသားစာပေကဗျာဆုကို တစ်ဆုသာပေးမည်ဟူသော ကိစ္စရပ်နှင့်ပတ်သက်၍ ကျေနပ်နှစ်သက်မှုမရှိကြသည့် စာပေပညာရှင်အချို့က ဆုရွေးချယ်ရေးအဖွဲ့မှ နုတ်ထွက်ကြောင်း ပြောဆိုကြရာတွင် ၎င်းတို့၏နုတ်ထွက်သည့်အကြောင်းရင်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့အပေါ် ဝေဖန်ပြစ်တင်ပြောကြားမှုများပါ ပါဝင်နေသည်ကို တွေ့ရှိရပါသည်။ အမှန်စင်စစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဆုများချီးမြှင့်ပေးနိုင်ရန် ဘဏ္ဍာငွေ ပေးအပ်ခြင်း၊ ဆုများရွေးချယ်နိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ရာတွင် အုပ်ချုပ်ထောက်ပံ့မှုများဆိုင်ရာ ကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးခြင်း၊ ကော်မတီ၏အခြားလိုအပ်သော အုပ်ချုပ်မှုကိစ္စရပ်များအား ဆောင်ရွက်ပေး ခြင်းမှအပ တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက်ဆောင်ရွက်ခဲ့ခြင်းမျိုးမရှိခဲ့ဘဲ အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်များကိုသာ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရန် ကူညီဆောင်ရွက် ပေးနေခြင်းဖြစ်ပါ သည်။

၉။     သို့ဖြစ်၍ ကဗျာဆု တစ်ဆု၊ နှစ်ဆု ပေးခြင်းဟူသည့်ကိစ္စရပ်မှာလည်း ပြန်ကြားရေးဝန်ကြီး ဌာန၏  အစီအမံမဟုတ်ဘဲ  သက်ဆိုင်ရာ အမျိုးသား စာပေဆု  စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၏ ပိုင်းခြားဝေဖန်မှုဖြင့် ဆုံးဖြတ်ခြင်းသာဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်မူ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် မည်သည့်လုပ်ငန်းရပ်မဆို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါ သည်။


                                                                                                                                                                          ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန
                                                                                                                                                                                   ပြန်ကြားရေးဝန်ကြီးဌာန



related topics
စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

11-Jun-2018
စာပေဗိမာန်,
SPBM
စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

11-Jun-2018
စာပေဗိမာန်,
SPBM
စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

11-Jun-2018
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • စာမူများ
  • စာပေရေချမ်းစင်
  • အခမ်းအနားများ
  • သုတပဒေသာစာစောင်
  • ရွှေသွေး
  • စာကြည့်တိုက်
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • အရောင်းဌာန
books
  • ၁၇-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၀)ထွက်ရှိ

    16-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလအတွက် အသင်းပေးစာအုပ်အဖြစ် “ကိုဇော်ဌေး (ယဉ်ကျေးမှု)” ရေးသားသည့် “ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး” စာအုပ် ဖြန့်ချိ

    15-May-2025
  • ၁၀-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) e-book ထွက်ရှိ

    15-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman