ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ၂၂-၃-၂၀၁၈ ရက် နံနက် ၁၀ : ၀၀ နာရီ က စာပေဗိမာန်ရုံးသို့ ရောက်ရှိကာ စာပေဗိမာန်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးဦးအောင်လှထွန်းသည် စာပေဗိမာန်အစည်းအဝေးခန်းမ၌ ဌာနအလိုက် အရာထမ်းများနှင့် တွေ့ဆုံရာ စာတည်းမှူးချုပ်ကိုယ်စား စာတည်းမှူးဦးစိုးမြင့်သန်းက စာပေဗိမာန်၏ လုပ်ငန်းဆောင်ရွက်နေမှုများကို တင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စာပေဗိမာန်ရုံးစုဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကာ တွေ့ဆုံအမှာစကားပြောကြားပြီး အခမ်းအနားကို ၁၁ : ၄၅ မိနစ် တွင် ရုပ်သိမ်းလိုက်ပါ သည်။