၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် မတ်လ (၇) ရက်တွင် စာအုပ် (၁၀၀) အုပ် ထပ်မံရရှိခဲ့ ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်း ဖော်ပြ ပေးထားပါသည်။
(၁) မျိုးကိုထိက လုံး၀မခံ - ရခိုင်ကာဠုဏ (ပီချောင်း)၊ (၂) အမျိုးအစားအလိုက် ကိုရီးယား စကားလုံးများ ၂၄၀၀ - ကလောင်စုံ၊ (၃) ကိုရီးယား ယဉ်ကျေးမှုဖတ်စာအုပ် - ၁ - ကလောင်စုံ၊ (၄) လုပ်ငန်းခွင်နှင့် နေ့စဉ်ဘေးကင်းကျန်းမာရေး - နေစိုးလှိုင်၊ (၅) ဟာသ၀တ္ထုတိုများ-၂ - မိုးဟိန်း၊ (၆) ပေါက်ကျော်ဖို့ပုံ - ကြည်အေး၊ (၇) လက်ရွေးစင်ကဗျာ ၁၀၀ - တောသားကြီးလူနိုင်၊ (၈) တစ္ဆေ - အောင်ချိမ့်၊ (၉) ကျွန်တော့်အသက်ကိုးနှစ်နှင့် အခြား ၀တ္ထုတိုများ - ညိုမှိုင်းဝေ (သနပ်ပင်)၊ (၁၀) ဟာသ၀တ္ထုတို များ ၂ - သော်တာဆွေ၊ (၁၁) သဲအင်းဂူဆရာတော်ဘုရားကြီး ဘဒ္ဒန္တဥက္ကဋ္ဌမထေရ် - ဆုပြည့်စုံထွန်း အယ်ဒီတာ၊ (၁၂) ဘကြီးဘဘေ - Quality အဖွဲ့၊ (၁၃) အသက်ကိုနှင်း၍ - ကပ္ပတိန်၀န၊ (၁၄) မှော်ဝင်သတ္တဝါဆန်းများပျော်စံရာ - ဦးလှိုင်၊ (၁၅) ကျွန်တော်တင်ခဲ့သော Face Book - ဦးမြင့်ခိုင် (စိတ်ပညာ)၊ (၁၆) လေသံပြင်းပြင်း မြန်မာအမျိုးသမီးကဗျာများစုစည်းမှု - ၂ - ပန်ဒိုရာ၊ (၁၇) ဇာရီမှတ်စုများ - ထွန်းမျိုးဌေး၊ (၁၈) Buddhist and Christian Attitudes to Religious Disersity – Hans-Peter Grosshans၊ (၁၉) လင်းလက် အစွမ်းထက် သဘာ၀ကျောက်မျက်များ - စန္ဒီ (Artist)၊ (၂၀) PHP With Laravel 5.3 – Waifer Kolar၊ (၂၁) ရေလိုအေးမြရစေသား - မလေးငြိမ်၊ (၂၂) ရဟန္တာနှင့်ရဟန်းထူးများ - မောင်ပန်းမွှေး၊ (၂၃) အိပ်မက်ဦးမို့ လွမ်းဆယ်နေ - ကြယ်စင်မှူးဝေ၊ (၂၄) ဘ၀ကိုတစ်ကပြန်စကြရအောင် - ကောင်းသန့်၊ (၂၅) ဩဝါဒ ဒဿန (၁၆၀) - ဘဒ္ဒန္တဣန္ဒစရိယ၊ (၂၆) ရေခြားမြေခြားဓမ္မမိတ်ဆွေ များအတွက် စာကလေး ၂ စောင် - မောင်ကံထူး၊ (၂၇) ကြုံခဲ့ရ စစ်ဘေးစစ်ဒဏ် - ဇင်ဘဦး၊ (၂၈) ထိချက်ကပြင်းတယ် - ရှင်မြတ်နိုး၊ (၂၉) ဂျက်မားနှင့် အလီဘာဘာ - ဗန်းမော်သိန်းဖေ၊ (၃၀) ငြိမ်းချမ်းရေး ရောင်းတဲ့ဆိုင်နှင့် …. - မင်းရဲအိမ်၊ (၃၁) ဆူးဆူးတဲ့လိပ်ပြာ - လှိုင်းကြာဖြူ၊ (၃၂) မိုးပြာဂိုဏ်းသားတို့၏ ပုတ်ခတ်ချက်များ - အရှင်ဣန္ဒာစရိယ ဘိဝံသ၊ (၃၃) အလင်းငတ်လမင်းရဲ့ ချစ်ခြင်း - မိုးစက်ပွင့်၊ (၃၄) ဗြိတိန်နိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ထရိထာမေ - ရဲကျော်မြင့်၊ (၃၅) သည်အရွေ့ကဗျာများ - ကလောင်စုံ၊ (၃၆) အဘိဓမ္မာလေးစောင်တွဲ - မော်စီတုန်း၊ (၃၇) မောင်သာလျှင် … ထာ၀ရ - မိုးစက်ပွင့်၊ (၃၈) ဗုဒ္ဓဘာသာဆိုတာ ရုပ်ထုကိုးကွယ်တဲ့ ဘာလာလားနှင့် အခြားဘာသာရေး သိမှတ်စရာများ - အရှင်သောဘိတ (ဓမ္မရတနာ)၊ (၃၉) ဦးဝါယာမာဘိဝံသ ၏ ထက်မြက်စွမ်းအား ဂါထာမန္တန်မန္တရားများ - ဂမ္ဘီရဆရာလှမျိုး၊ (၄၀) ပညာနဲ့လူမျိုးကို စောင့်ရှောက်ပါ - လူထုစိန်ဝင်း၊ (၄၁) ပြောမိတော့မှာပဲ -၂ (ငတုံးတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်နှင့် ဆောင်းပါးများ) - ကောင်းဆက်နိုင်၊ (၄၂) အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် ကျွန်တော့်ဘ၀ဇာတ်ကြောင်း - ဒေါက်တာသန်းဝင်း၊ (၄၃) ကမ္ဘာတစ်ခု စနစ်နှစ်ခု-၃ - မင်းနိုင်ထွန်း၊ (၄၄) စီးပွားရေးသုံးအီးမေးလ် နှင့် ပေးစာများ - ဦးဖြိုးကြွယ်မြင့်၊ (၄၅) အောင်မြင်လိုသူတိုင်းအတွက် ခေတ်မီစီးပွားရေးသုံး အင်္ဂလိပ်စာ - နေမင်းရာဇာ အယ်ဒီတာအဖွဲ့၊ (၄၆) အမိတက္ကသိုလ်၏ ရင်ခွင်မှာ - မောင်ခင်မင် (ဓနုဖြူ)၊ (၄၇) ရှေးခေတ်ပုဂံပြည်နှင့် သမိုင်းစာပေယဉ်ကျေးမှုအထွေထွေ - ရွှေကိုင်းသား၊ (၄၈) သင်္ခါရအခွင့်အရေး - ဒေါင်းနီ၊ (၄၉) မိန်းမတန်ဖိုး - သက်ထားခင်၊ (၅၀) စတိပ်ဂျော့ဘ်စ် - ဆန်းလင်းထွန်း၊ (၅၁) စာရေးဆရာနှင့် စာပေရေးသားခြင်း အနုပညာ - စေတနာလှိုင် (ရေစကြို)၊ (၅၂) Rhapsody of Realities – Chris Oya.Khilome၊ (၅၃) မရဏဂူမှ မိစ္ဆာတစ္ဆေ - ဒေဝစကြာ၊ (၅၄) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်များ အတ္ထုပ္ပတ္တိအကျဉ်း - မောင်ကျော်ဇော (သံတမန်)၊ (၅၅) အဏ္ဏဝါရန်စွယ် - တိက္ကမ၊ (၅၆) အာဏာရှင်မိခင်နှင့် အခြား ဆောင်းပါးများ - ကောင်းဆက်နိုင်၊ (၅၇) ရဟန်းပျိုလျှောက်သောလမ်းနှင့် ရသ၀တ္ထုတိုများ - ဓမ္မနွယ် (ရွှေတည်မြေ)၊ (၅၈) ဆန်စပါးစိုက်ပျိုးခြင်း အနုပညာ - မင်းဝင်းထိန်၊ (၅၉) ပေါက်ပေါက် မြောက်မြောက် - မောင်ကိုကို (အမရပူရ)၊ (၆၀) အမှန်တရားနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများ၏ အခန်းကဏ္ဍဆောင်းပါးများ - မောင်စာဂ၊ (၆၁) အမေရိကန်ကျောင်းသား အမေရိကန်တက္ကသိုလ် - အောင်မိုးဝင်း၊ (၆၂) SKETCH Form NATORE - ခင်မောင်စန်း၊ (၆၃) ၂၀၁၆ အသေမဦးခင် ဓမ္မခရီးစဉ် - မြိတ်ဝင်းဇင်၊ (၆၄) အိုရှိုး၏ ဓမ္မတော်လှန်ရေး - အောင်မေဃ၊ (၆၅) ဆေးပညာစာများ - ဒေါက်တာတင့်ဆွေ၊ (၆၆) ရုပ်အလောင်းကောင်နှင့် သေမထူးနေမထူး အာပေတူး - မင်းဘုန်းသိင်္ခသူ၊ (၆၇) ပြည်ထောင်စုနေ့ နှင့် ABSDF (မြောက်ပိုင်း) - ဖိုးကျော်၊ (၆၈) စုန်းကိုး မှော်ကိုး ကဝေကိုး - တာတေ၊ (၆၉) စိတ်ချမ်းသာသူ ဖြစ်စေဖို့အတွက် - အရှင်သောဘိတ (ဓမ္မရတနာ)၊ (၇၀) ကျောင်းကန်ရိပ်က ဖြစ်ရပ်မှန်ဟာသများ - တုံးမောင်၊ (၇၁) ရွေးကောက်ပွဲအနိုင်ရနည်းနိဿရည်း - မျိုးမင်းရန်အောင်၊ (၇၂) ကွန်ပျူတာ အဘိဓာန် - နေမင်းရာဇာ (အယ်ဒီတာအဖွဲ့)၊ (၇၃) မာလာလာ - တင်မောင်မြင့်၊ (၇၄) လီယိုနာဒို ဒါဗင်ချီ - ကျော်လင်းဆွေ၊ (၇၅) ဘင်ဖရင်ကလင် - စိန်ဝင်းစိန်၊ (၇၆) တစ်ပင်းပွိုင့် - ဘိုဘိုဟန်၊ (၇၇) ဇွန်ပန်းရုံအနီးမှသည် - မောင်မြကျော်၊ (၇၈) အနာဂတ်အတွက် သောတရောင်နီ စာစုများ - ဒေါက်တာခင်လှလှ၊ (၇၉) သုဿန်ကခေါ်လာတဲ့ သရဲ - ဒေဝတာ၊ (၈၀) ခေတ်မီစကားပြေ ဓမ္မပဒ ၀တ္ထု (ပထမတွဲ) - ခင်ချိုထွန်းစာပေ၊ (၈၁) ခေတ်မီစကားပြေဓမ္မပဒ၀တ္ထု (တတိယတွဲ) - ခင်ချိုထွန်းစာပေ၊ (၈၂) မာသာထရီဇာ - တင်မောင်မြင့်၊ (၈၃) ခရစ္စတိုဖာ ကိုလံဘတ် - ခင်မောင်တိုး (မိုးမိတ်)၊ (၈၄) သက်သေနှင့်ဥပဒေဆိုင်ရာ စစ်မေးမှု အတတ်ပညာ - ဦးပိုအေး၊ (၈၅) နက်နဲသော ဂမ္ဘီရနယ်မှ အစီအရင်များ - ဆရာဟိမ၀န္တာ၊ (၈၆) နာကြည်းသလို မုန်းသလိုနှင့် မေ့ခက်ခက်မုန်းခက်ခက် - မောင်အောင်မွန်၊ (၈၇) လက်ဝါးပြင်ပေါ်က သင့်ဘ၀လက္ခဏာ အနှစ်ချုပ် - သုတေသီမောင်ချစ်ဆွေ၊ (၈၈) ကလေးသူငယ်ဥပဒေ - ကျော်မောင်မောင်၊ (၈၉) နေရောင်ခြည် - နိုင်ဇော်၊ (၉၀) စာကြည့်တိုက်က ကြွက်ကလေး - ဒေါက်တာမေမွန်၊ (၉၁) မပီဝိုးတဝါး ခရီးသွားအတွေး ပုံရိပ်များ - ဌေးအောင် (ခရီးသွား)၊ (၉၂) ကမ္ဘာတလွှား အထင်ကရ များ - ထိန်လင်း၊ (၉၃) NLD ခေတ် - ပထမနှစ် - ကျော်ဝင်း၊ (၉၄) ပို့ကုန်သွင်းကုန်လုပ်ငန်းနှင့် စပ်ဆိုင်သော အမိန့်ညွှန်ကြားလွှာများ စုစည်းမှု ဥပဒေ - သုတေသီ ခင်ဝင်းမြင့်၊ (၉၅) ရသ၀တ္ထုတိုများ (လေးနှစ်ပြည့် အထိမ်းအမှတ်) - စံတော်ချိန်နေ့စဉ်၊ (၉၆) ဟိမ၀န္တာခရီးသည်၏ ဆေးဘုရားရှာပုံတော် - လင်းထက်ဆွေ၊ (၉၇) မြစ်ကဗျာ အနုပညာ - အလယ်ရိုးမ ကဗျာဆရာများ၊ (၉၈) အံ့ဖွယ်ဆေးဖက်ဝင်သဘာ၀ဟင်းသီးဟင်းရွက်များ - ကျော်တင့်ဆွေ၊ (၉၉) ဂယ်လီလီယို - လင်းစန်၊ (၁၀၀) ချားစ်ဒါဝင် - မောင်တင်ဦး (ရုက္ခ)