• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက် တွင် စာအုပ် (၉၁) အုပ် ထပ်မံရရှိ

14-Dec-2017
စာပေဗိမာန်,
SPBM

၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေ ဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာ များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်တွင် စာအုပ် (၉၁) အုပ် ထပ်မံ ရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။

(၁) အတိမ်းအစောင်းမခံသောနှစ်များ - ဒိုဂျေဆန်း (မြန်မာပြန်)၊ (၂) စာရင်းအင်းပညာ-အခြေခံ နိုင်ငံတော်တည်ဆောက်ရေး အကြံပြုချက်များ - ပါမောက္ခဒေါက်တာသောင်းဌေး (စာရင်းအင်း ပညာ)၊ (၃) သေမင်းနှင့်စကားပြောခြင်း - အဖြူရောင်တြိဂံ၊ (၄) ရွှေရောင်အချိန်များသည် စွန့်စားသူ များအတွက်သာ - ခင်စောတင့်၊ (၅) မြင့်သူတွေကြားမှနှိမ့်နေပါ - Dr.သူ၊ (၆) အဲလ်ဘတ် အိုင်းစတိုင်း - Quality အယ်ဒီတာအဖွဲ့၊ (၇) အိုင်ယာကော့ ကာ -  Quality အယ်ဒီတာအဖွဲ့၊ (၈) ပခုက္ကူဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုန္ဒရမဟာထေရ် - ဆုပြည့်စုံထွန်း အယ်ဒီတာအဖွဲ့၊ (၉) ထင်ရှား ကျော်ကြားသူများ၏ အတ္ထုပ္ပတ္တိစာစဉ် ဦးသန့် - Quality အယ်ဒီတာအဖွဲ့၊ (၁၀) ဇူလိုင် (၇) ရက် ၇-၇-၁၉၆၂ ကိုယ်တွေ့ဖြစ်ရပ်များ - မောင်တင်ထွန်း B.A(Hons) R.A.Su၊ (၁၁) နှစ်တစ်ရာတိုင် အိပ်ပျော်နေသော မင်းသမီးကလေးနှင့် ပုံပြင်များ - မောင်ခေတ်ထွန်း၊ (၁၂) ကိုယ်တိုင်တိုက် ကိုယ်တိုင်ရေး တိုက်ပွဲများ (သတ္တမတွဲ) - တိုက်ပွဲဝင်တပ်မှူးများ၊ (၁၃) အိုင်ရင်း နှင့်အိဗ်ကျူရီ - မောင်ခိုင်အောင် (စစ်တွေ)၊ (၁၄) မာနယ်ပလောခရီးသည် - မောင်စင်ကြယ်၊ (၁၅) မိုးကုန်ပြီး စတစ်နေ့၌ ကျေနပ်စွာလွမ်းဆွတ်ရခြင်းနှင့်အခြား၀တ္ထုတိုများ - မြင့်သန်း၊ (၁၆) ဆရာကြီးနှင့် အခြား၀တ္ထုတိုများ - ပီမိုးနင်း၊ (၁၇) မနော်နှင့်အခြား၀တ္ထုတိုများ - မြသန်းတင့်၊ (၁၈) အဝေးကြည့်မှန်ပြောင်းနှင့်အခြား၀တ္ထုတိုများ - ဂျူး၊ (၁၉) ၁၂ မိုင် ၁ ယူဇနာ - ကလောင်စုံ၊ (၂၀) ၀တ္ထုတိုငါးယောက် - ကလောင်စုံ၊ (၂၁) ဂျာနယ်ကျော်ခေါင်းကြီးများ - စိတ်ကူးချိုချို၊ (၂၂) ပညာရေး၊ လမ်းသွားဟန်လွဲနှင့် အလုပ် - ဒေါက်တာအရှင်ဥတ္တမာနန္ဒ၊ (၂၃) ဟိန္ဒူ ဥပဒေ မြန်မာ ဘာသာပြန် ကောက်နုတ်ချက် - ဦးဘတင့် (ညွှန်မှူး-ငြိမ်း)၊ (၂၄) နိုင်ငံတည်မော်ကွန်းများ - တက္ကသိုလ်မြတ်သူ၊ (၂၅) ကောင်းကင်ပေါ်ကျတဲ့ မိုးစက်များ - ၂ - ကလောင်စုံ၊ (၂၆) ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ - ကလောင်စုံ၊ (၂၇) မြန်မာပြည်က လူမျောက်နှင့် သမိုင်းနောက်ခံစာစုများ - သူလှိုင်၊ (၂၈) မရည်ရွယ်ခဲ့ပါဘူး … သို့သော် - ကိုမွန်း၊ (၂၉) သဗ္ဗတော ဘဒြစက်နှင့်နက္ခတ်ဗေဒင် စာစုများ - ဆရာစိုးမိုးဝင်း၊ (၃၀) သဘာ၀ဘေးအန္တရာယ်ဆိုးများနှင့် ဆေးပညာ၏ကဏ္ဍ - ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ (၃၁) ယုတ်ညံ့သူနှင့် အခြားပုံပြင်များ - အောက်တိုဘာ အောင်ကြီး၊ (၃၂) အံ့ဖွယ်ထူးခြားစေတီပုထိုးများ (၂) - အရှင်ပညာဝံသ (မရမ်းကုန်း)၊ (၃၃) စက်ဘီးကလေးက စကြမယ် ရင်သွေးကဗျာများ - ငြိမ်းစိုးဦး၊ (၃၄) သတ္တမမြောက်သစ်ပင် - သစ်ပင်၊ (၃၅) တိတ်တဆိတ်နာကျင်ရခြင်းတွေ - မောင်ဆောင်းခ၊ (၃၆)  လူဗိုလ်ဟူသည် …- လူဗိုလ်၊ (၃၇) ချစ်ခင်ရင်းနှီးခြင်း - ခင်စောတင့်၊ (၃၈) မက္ကဇင်ပါပီ - ပါပီယွန်၊ (၃၉) လက်တင်အမေရိက ၀တ္ထုတို များ - မြင့်သန်း (မြန်မာပြန်)၊ (၄၀) ကမ္ဘာ့တန်းဝင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် - ချစ်မြိုင်၊ (၄၁) မျက်ရည်ပွင့်ပုံပြင် - ဇေယျမင်းသျှင်၊ (၄၂) လက်ရွေးစင်ကဗျာများ - နေမျိုး၊ (၄၃) လူတန်းစားတိုက်ပွဲနှင့်တော်လှန်ရေး အက်ဆေးများ - ဂျက်လန်ဒန်၊ (၄၄) အန္တရာယ်ကမ္ဘာကြီးထဲ က ခေါင်းဆောင်နှင့်နောက်လိုက်တွေအကြောင်း - နိုင်ဦး၊ (၄၅) လူငယ်တစ်ယောက်ရဲ့မှတ်စုများ - ကြည်ဇော်အေး၊ (၄၆) ချစ်သောမေမေ နှင့် အခြား ၀တ္ထုတိုများစုစည်းမှု - မသဲဖြူ (ကြံခင်း)၊ (၄၇) ရေနံဖြန့်ဖြူးရောင်းချသူများအတွက် - စိန်မြင့် (သတ္တုဦးစီး)၊ (၄၈) ကျွန်မဟာကျွန်မပဲ မငိုပါနဲ့ - အိုင်ဒီး၊ (၄၉) စစ်မြေပြင်မှ ကိုယ်တွေ့လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ - သောင်းဝေဦး၊ (၅၀) ရေဦးရေဦး ကဗျာများ - ကလောင်စုံ၊ (၅၁) ငါတို့ ငြင်းဆို သည်နှင့် အခြားဆောင်းပါးစာတမ်းများ - ဦးမင်းဆွေ (ပခုက္ကူ)၊ (၅၂) ရိုထေ့သ်နှင့်စကားပြောခြင်းနှင့်အခြား၀တ္ထုတိုများ - မြတ်သစ်၊ (၅၃) အဖေကြီး နှင့် ခရီးသွားခြင်း - ဒေါက်တာတင်အောင်၊ (၅၄) ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန် နိဗ္ဗာန် - ဒေါက်တာ ဘဒ္ဒန္တစန္ဒာ၀ရာ ဘိဝံသ၊ (၅၅) ရင်မှာ စွဲငြိစေသော သင်ခန်းစာပုံပြင်များ - မိုးသူဇာအောင်၊ (၅၆) အာရှ၀တ္ထုတိုများ - တင့်ဇော်၊ (၅၇) တကယ်လုပ်နိုင်တယ် - မောင်ခင်မင် (ဓနုဖြူ) နှင့် အခြား ကလောင်စုံ၊ (၅၈) မောင်လူအေးဇာတ်လမ်းမှတ်တမ်းဝင်၀တ္ထုတိုများ - သိပ္ပံမောင်၀၊ (၅၉) သမိုင်းကိုပြောင်းလဲ စေသောမိန်းမများ - မြင့်ဆွေဦး၊ နော်ဇာ၊ (၆၀) ခရေလေးတွေမွှေးပါစေ - အရှင်ကောသလ္လ (ရေဦး)၊ (၆၁) ဆင်စီးမြင်းရံလူအိုတို့အားမာန် - ဦးစိုးမြင့်ဒွဏ်း (အာယုဗ္ဗေဒ)၊ (၆၂) ပိတ်မိနေသော စာသားများ - မီနားဗား၊ (၆၃) ထာ၀ရဖေဖေနှင့် မင်္ဂလာမောင်မယ် ကျန်းမာရေး စကားဝိုင်းများ (၉) - ဒေါက်တာလွင်သန့် (ဆေး-၂)၊ (၆၄) THE MEETING OF CHRISTIANITY AND BUDDHISM IN BURMA – SAMUEL NGUN LING၊ (၆၅) လွတ်လပ်မှုအနာဂတ် - ဘုန်းသက်ပိုင်၊ (၆၆) The Others - ထက်လင်းထွန်း၊ ယောဟန် (၂၀၁၆) Matt Thanlone၊ (၆၇) သံဝေဇနိယ အမျိုးကောင်းသားသမီးတို့ ထိတ်လန့် စရာ - ဥပဒေစိန်လှိုင်၊ (၆၈) ရောင်းချရေး ဉာဏ်ပညာ (သို့) ကုန်ပစ္စည်းရောင်းချနည်း ၂၆ နည်း - ရဲဦး (မြန်မာပြန်)၊ (၆၉) အမျိုးသမီးရောဂါ စာများ (၁၊၂)၊ ဒေါက်တာတင့်ဆွေ (ဆေးပညာစာများ)၊ (၇၀) သိထားသင့်သည့် ဂျပန်ဘာသာ သဒ္ဒါများ - ဆရာဦးအေးသိန်း (ဂျပန်ဘာသာနည်းပြ)၊ (၇၁) မိဘစကားကို သားသမီးက ဘာကြောင့်နားမထောင်သလဲ - မိုသျှန်း၊ (၇၂) အချင်းအကြောင်းပြောကြေး - မိုသျှန်း၊ (၇၃) ကလေးတို့ရဲ့ငြိမ်းချမ်းရေး ကမ္ဘာဆီသို့ - မိုသျှန်း၊ (၇၄) တောပြော တောင်ပြော - ဂျက် (ကွမ်းခြံကုန်း)၊ (၇၅) ဆန္ဒပြည့်တရားပဒေသာ - မုံရွာအရှင်ပဏ္ဍိတ(ဒွိပိဋကဓရ)၊ (၇၆) HR နယ်ပယ်၌ မဟာဗျူဟာမြောက် ပြဿနာဖြေရှင်းခြင်း - ဒေါက်တာထွန်းဝင်း၊ (၇၇) ဝိမုတ္တိယုဂ မဂ္ဂင်အလင်းပြ - သစ္စာဝါဒီ ဆရာမြတ်စောလင်း၊ (၇၈) သာသနသာရပကာသနီကျမ်း - ဘဒ္ဒန္တ ပဏ္ဍိတ (အဂ္ဂမဟာပဏ္ဍိတနိုင်ငံတော်ဩဝါဒစရိယ)၊ (၇၉) နံနံပင်ကိုပဲမုန်းမုန်း တေလာဆွစ်ကိုပဲ မုန်းမုန်း နိုင်ငံရေးသမားတွေကိုပဲမုန်းမုန်း - သုခမိန်လှိုင်၊ (၈၀) သမိုင်းမှတ်တမ်း စာမှတ်တမ်း - ထိန်းလင်း၊ (၈၁) ဆွဗရ် (သို့မဟုတ်) အောင်စိတ် - ဒေါက်တာသန်းမင်းထိုက်၊ (၈၂) ရခိုင် ယဉ်ကျေးမှုသမိုင်းနှင့် စာပေ - မင်းပြားမင်းသိန်းဇံ၊ (၈၃) တကယ်မရှိသောနှစ်များ - အောင်ခင်မြင့်၊ (၈၄) ကဗျာသမားရဲ့ မှတ်စုများ - လင်းခါး၊ (၈၅) လှပရေးရာသုတဖြာဖြာ - ဒေါက်တာကျော်ကျော် (အရေပြားအထူးကု)၊ (၈၆)  ဒုတိရရှံကရ (သို့) မိုးပြာ ဦးဉာဏ - မိုးသု (မန္တလေး)၊ (၈၇) လက်ဆောင်မွန် - မြတ်ငြိမ်း၊ (၈၈) ခေတ်မီမီ ပရယ်ဇင်တာလုပ်နည်း - ကိုနေ (မန်း) ပြန်ဆိုသည်၊ (၈၉) ကွန်ထရိုးလိန်းအောင်ဖီဆာ - သားလှ (ရသေ့တောင်)၊ (၉၀) ဘ၀နှင့် ကဗျာ (ကဗျာပေါင်းချုပ်) - မောင်ကြည်ဝင်း (ပျဉ်းမနား)၊ (၉၁) မန္တလေးပရဟိတ စာမျက်နှာများ - သန်းဖေသား



related topics
စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

14-Dec-2017
စာပေဗိမာန်,
SPBM
စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

14-Dec-2017
စာပေဗိမာန်,
SPBM
စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

14-Dec-2017
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာအုပ်များ
  • စာကြည့်တိုက်
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေရေချမ်းစင်
  • သုတပဒေသာစာစောင်
  • ရွှေသွေး
  • အရောင်းဌာန
  • ပုံနှိပ်ရေး
  • စာပေဗိမာန်
books
  • ¬၁၀ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) ထွက်ရှိ

    09-May-2025
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    05-May-2025
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ ညိမ်းညို၏ ‘စာမျက်နှာတချို့’ စာအုပ်ကို ဖြန့်ချိ

    05-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman