• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
စာပေဗိမာန် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပ

စာပေဗိမာန် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပ

30-Aug-2017
စာပေဗိမာန်,
SPBM

၁၉၄၇ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့တွင် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းအဖြစ် စတင် ဖွဲ့စည်းခဲ့သော စာပေဗိမာန်သည် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်တွင် နှစ် (၇၀) ပြည့်မြောက် ခဲ့ပါသည်။ စာပေဗိမာန် နှစ် (၇၀) ပြည့်အခမ်းအနားကို ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ၃၇ လမ်း ထောင့်ရှိ စာပေဗိမာန်အဆောက်အအုံတွင် နံနက် ၉ : ၀၀ နာရီ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စာပေပညာရှင်ကြီးများ၊ စာပေဗိမာန် ကို အစဉ်တစိုက်ကူညီ စာပေရေးသား ပေးသော စာရေးဆရာများ၊ ရည်ညွှန်းကျမ်းအဖွဲ့ဝင် ဆရာ၊ ဆရာမကြီးများ၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုရွေးချယ်ရေးအဖွဲ့ဝင်များ၊ စာပေဗိမာန်စာကြည့်တိုက်သို့ စာအုပ်လှူဒါန်းသည့် အလှူရှင်များ၊ စာပေဗိမာန်အငြိမ်းစားအရာထမ်းများ၊ စာပေ လောကသားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်နှင့် တက်ရောက်လာသူများသည် အမှတ်တရမှတ်တမ်း လက်မှတ်ထိုးခြင်း၊ နှစ် (၇၀) ပြည့် အခမ်းအနား အထိမ်းအမှတ်အဖြစ်ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ (၁၉၅၇) ခုနှစ် စာပေဗိမာန်တိုက်ထုတ် စာအုပ်များတွင် အသုံးပြုခဲ့သည့် Logo Image များ၊ မြန်မာ့စွယ်စုံကျမ်းကဏ္ဍ၊ မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ်ကဏ္ဍ၊ မြန်မာနိုင်ငံ ဘာသာပြန်အသင်းမှထုတ်ဝေသော စာအုပ်များကဏ္ဍ၊ သုတပဒေသာ စာစောင်ကဏ္ဍ၊ စာပေဗိမာန် မဂ္ဂဇင်းကဏ္ဍ၊ ရွှေသွေးဂျာနယ်အထူးထုတ်ကဏ္ဍတို့ကို ကြည့်ရှုလေ့လာကြသည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က နှစ် (၇၀) ကြာမြင့်ခဲ့ပြီဖြစ်သည့် စာပေဗိမာန်၏ သမိုင်းကြောင်းနှင့် စပ်လျဉ်း၍ အမှတ်တရစကား ပြောကြားသည်။

ထို့နောက် စာပေဗိမာန်စာတည်း (ငြိမ်း) ဦးခင်မောင်စိုး (ဆရာမောင်ပေါ်ထွန်း) က အမှတ်တရ စကားပြောကြားသည်။ စာတည်းမှူးချုပ် (ငြိမ်း) ဦးမောင်လှိုင် (မောင်ဆွေငယ်) က စာပေဗိမာန် သမိုင်းအကျဉ်းကို ဖတ်ကြားတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်အား ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်မျိုးမြင့်က စာပေဗိမာန် နှစ် (၇၀) ပြည့်နှစ် အထိမ်းအမှတ်အဖြစ် အမှတ်တရ လက်ဆောင်ကို ပေးအပ်သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က စာပေဗိမာန်လုပ်ငန်းများတွင် အစဉ်တစိုက်ပါဝင် ကူညီခဲ့ကြသောပုဂ္ဂိုလ်များ၊ စာပေဗိမာန်ပြည်သူ့စာကြည့်သို့ စာအုပ်များ လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များပေးအပ်သည်။

ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်ကလည်း စာပေပညာရှင်များအား ဂုဏ်ပြုလက်မှတ်များ ဆက်လက်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်နှင့် စာပေပညာရှင်ကြီးများ၊ ဧည့်သည်တော်များ အတူတကွ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

မွန်းလွဲ ၁ : ၀၀ နာရီတွင် စာပေဗိမာန်နှစ် (၇၀) ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဆရာကြီးဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က ''ကျွန်တော်သိသော စာပေဗိမာန်"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော) က '' အတွေးပေးသော စာ၊ အမြင်ပေးသောစာ" ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးဒေါက်တာဖေမြင့်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်တို့က အမှတ်တရလက်ဆောင် များ ပြန်လည်ပေးအပ်ကြသည်။

အခမ်းအနားအပြီးတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်နှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီး ဌာန အရာထမ်းများ၊ စာပေဗိမာန်ဝန်ထမ်းများ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

ယခုအခါ စာပေဗိမာန်သည် မြန်မာ့စွယ်စုံကျမ်းအနှစ်ကျမ်း၊ သုတပဒေသာစာစောင်၊ ပြည်သူ့လက်စွဲ စာစဉ်၊ ရွှေသွေးစာစောင်၊ စာပေရေချမ်းစင် (၁၃) မျိုး တို့ကို ထုတ်ဝေလျက်ရှိပြီး ပြည်သူများကို စာပေအလင်းပေးလျက်ရှိပါသည်။






related topics
စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

30-Aug-2017
စာပေဗိမာန်,
SPBM
စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

30-Aug-2017
စာပေဗိမာန်,
SPBM
စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

30-Aug-2017
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာမူများ
  • စာကြည့်တိုက်
  • စာပေရေချမ်းစင်
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • ရွှေသွေး
  • စာပေဗိမာန်
  • ပြိုင်ပွဲများ
  • အရောင်းဌာန
  • ပြည်သူ့လက်စွဲစာစဉ်
books
  • ¬၁၀ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) ထွက်ရှိ

    09-May-2025
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    05-May-2025
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ ညိမ်းညို၏ ‘စာမျက်နှာတချို့’ စာအုပ်ကို ဖြန့်ချိ

    05-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman