ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ကလေးစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကနောင်နိုင်နွယ်ဦး၏ “လမင်းမျက်နှာ ပန်းမျက်နှာ ကလေးကဗျာများ”စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ကဗျာပုဒ်ရေ ၇၉ ပုဒ် ပါဝင်သည်။ ကိုယ်ကျင့်ကောင်းမွန် လူရည်ချွန်၊ မျိုးချစ် တွေးကြွယ်ကလေးငယ်၊ ရာသီအလှသဘာဝ၊ ပျော်ရွှင်ကျန်းမာ သင်ခန်းစာ၊ ယဉ်ကျေးလိမ္မာ တို့ရိုးရာ၊ ရှာဖွေအမှန် စာပေဘဏ်၊ စည်းလုံးချစ်ကြည် တို့တိုင်းပြည်၊ သုတရသ လေ့လာကြ ဟူ၍ အခန်း ရှစ်ခန်းခွဲပြီး ရေးဖွဲ့တင်ပြထားသည်။ ဗုဒ္ဓဘာသာဝင် မြန်မာကလေးငယ်များသည် ရတနာမြတ်သုံးပါးနှင့် အနန္တောအနန္တ ငါးပါးတို့ကို ကြည်ညိုလေးစားထိုက်ပုံ၊ မြန်မာမျိုးချစ် ပုဂ္ဂိုလ်ကြီးများ ပေါ်ပေါက်လာပုံ၊ ကျေးလက်တောရွာတို့၏ လှပပုံ၊ ယဉ်ကျေးမှုဓလေ့များကို မြတ်နိုးသင့်ပုံ၊ ကလေးတို့၏ အတွေးအမြင် ဉာဏ်ပညာမြင့်မားရေးအတွက် စာကြည့်တိုက်ကို အားကိုးသင့်ပုံတို့ကို ရွတ်ဆိုရလွယ်ကူသော အသုံးအနှုန်း၊ အသံတို့ဖြင့် သာယာနာပျော်ဖွယ် ဖြစ်အောင် ရေးသားထားသည်ကို တွေ့ရသည်။
အဆိုပါ စာအုပ်ကို ရောင်းဈေး ၄၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။