• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
“မြန်မာတို့၏ နိုင်ငံရေးခရီးလမ်းမကြီးနှင့် ငြိမ်းချမ်းရေးမှတ်တိုင်များ”

စာအုပ်အမည် - “မြန်မာတို့၏ နိုင်ငံရေးခရီးလမ်းမကြီးနှင့် ငြိမ်းချမ်းရေးမှတ်တိုင်များ”

စာရေးဆရာအမည် - တက္ကသိုလ်မြတ်သူ

တန်ဖိုး - ၃၅၀၀

စာညွှန်း -
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာရေးဆရာ တက္ကသိုလ်မြတ်သူ၏ “မြန်မာတို့၏ နိုင်ငံရေးခရီးလမ်းမကြီးနှင့် ငြိမ်းချမ်းရေးမှတ်တိုင်များ” စာအုပ် ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ်မှ စတင်ကာ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ်ကြငှန်းဘဝမှ ထီးကျိုးစည်ပေါက် နယ်ချဲ့လက်အောက်သို့ နေ့ချင်းညချင်းကျရောက်ကာ လွတ်လပ်သော အချုပ် အခြာပိုင်နိုင်ငံအဖြစ်မှ လက်အောက်ခံနိုင်ငံဘဝသို့ နိမ့်ဆင်းသွားခဲ့ရပေသည်။ ထိုကာလမှ စတင်ကာ တိုင်းရင်းသားတို့က ရရာလက်နက်စွဲကိုင်တော်လှန်ခြင်း၊ လွတ်လပ်ရေးကြိုးပမ်းခြင်းတို့ကို အစဉ် တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသောကြောင့် ၁၉၄၈ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေးအောင်ပန်းကို လှမ်းကိုင်နိုင်ခဲ့ကြပေသည်။ ရရှိခဲ့ပြီးသော လွတ်လပ်ရေးနှင့်အတူ နိုင်ငံချင်းအတူတူ တင့်တယ်စွာ လျှောက်လှမ်းဖြတ်သန်းနိုင်ရေး ကြိုးပမ်းခြေလှမ်းစနေစဉ်မှာလည်း ပြည်တွင်း တစ်ဗိုလ်တစ်မင်း လုပ်ဆောင်လိုသူ၊ အမြင်မတူ ရန်သူခြေလှမ်း လှမ်းလျှောက်လိုသူများနှင့် ပြည်ပ ပယောဂတို့ကြောင့် တိုင်းပြည်၏ လွတ်လပ်ရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးတို့သည်လည်း ကြိမ်ဖန်များစွာ စိန်ခေါ်ခံနေခဲ့ရပေသည်။

မျက်မှောက်ကာလအထိ လက်နက်စွဲကိုင်နေကြဆဲဖြစ်သည့် အဖွဲ့အစည်းအချို့၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ လာရာနှင့် လားရာတို့ကို စေ့စေ့ငုငု သိရှိမှတ်သားနိုင်စေရန်လည်းကောင်း၊ သင်ခန်းစာယူနိုင်ရန်အလို့ငှာ လည်းကောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုမှတ်တိုင်များစွာ ကို မျိုးဆက်အဆင့်ဆင့် လက်ဆင့်ဝေငှနိုင်ရန်လည်းကောင်း စသည့်ရည်ရွယ်ချက်ဖြင့် “မြန်မာတို့၏ နိုင်ငံရေးခရီးလမ်းမကြီးနှင့် ငြိမ်းချမ်းရေးမှတ်တိုင်များ” စာအုပ်ကို ဆရာကြီး တက္ကသိုလ်မြတ်သူက ပြုစု၍ စာပေဗိမာန်က ထုတ်ဝေလိုက်ရခြင်း ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

ဆက်စပ် စာအုပ်များ
အိမ်မက်တစ်ရာ ကဗျာများ

အိမ်မက်တစ်ရာ ကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်ထုတ် စာအုပ်များ
စာပေဗိမာန်ထုတ် စာအုပ်များ

စာပေဗိမာန်ထုတ် စာအုပ်များ

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ရွှေသွေး
  • စာပေရေချမ်းစင်
  • ပုံနှိပ်ရေး
  • စာပေဗိမာန်
  • သုတပဒေသာစာစောင်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာကြည့်တိုက်
  • စာအုပ်များ
  • အရောင်းဌာန
  • စာမူများ
books
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    19-Jun-2025
  • ၁၄-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၄) e-book ထွက်ရှိ

    16-Jun-2025
  • ၁၄-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၄)ထွက်ရှိ

    13-Jun-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman