• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

စာအုပ်အမည် - စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

စာရေးဆရာအမည် - မောင်ညိုလဲ့(အညာမြေ)

တန်ဖိုး - 3500

စာညွှန်း -
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု လူငယ်စာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ မောင်ညိုလဲ့ (အညာမြေ) ၏ “လောကဓံကြုံ မဖြုံစတမ်းပေါ့” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

“လူညို” ဟုခေါ်သည့် လူငယ်လေးတစ်ယောက်၏ဘဝတွင် ကြုံဆုံရသော လောကဓံ အမျိုးမျိုးကို လူငယ့်အတွေး၊ လူငယ့်အမြင်၊ လူငယ့်ခံစားချက်တို့ဖြင့် ရိုးရိုးရှင်းရှင်း ရေးဖွဲ့ထားသော ဝတ္ထုရှည်ဖြစ်သည်။ ကလေးငယ်ဘဝမှစ၍ သူငယ်တန်းမှ ဘွဲ့ရသည်အထိ သူ ရင်ဆိုင်ဖြတ်သန်း ရသည့် အတွေ့အကြုံများသည် ဝမ်းသာကြည်နူးစရာထက် ဝမ်းနည်းကြေကွဲစရာ ကိစ္စရပ်က ပိုများ နေသည်။ မိသားစုအတွင်း ငွေကြေးမပြည့်စုံမှု၊ ဖခင်၏သစ္စာမဲ့၍ အိမ်ထောင့်တာဝန် ပျက်ကွက်မှု၊ မိခင်၏ကျန်းမာရေး ချူချာမှု၊ အစ်ကို၏ မလိမ္မာမှုနှင့် အိမ်တွင်းရေး မသာယာမှုများသည် လူငယ် လေးတစ်ယောက်၏ စိတ်ဓာတ်နှင့် ပညာရေးလမ်းကြောင်းအပေါ် ဆိုးကျိုးများစွာ သက်ရောက်နိုင် ကြောင်း မီးမောင်းထိုးပြထားသည်။ 

သို့သော် ဇာတ်ကောင် လူညိုသည် မည်သို့ပင် အဆိုးလောကဓံနှင့်ကြုံကြုံ  လဲကျမသွားဘဲ အကောင်းဆုံးလမ်းကို ရွေးချယ်၍ ရှေ့ဆက်လျှောက်လှမ်းသွားကြောင်း ဇာတ်လမ်းဆင်ထားပုံက ဝတ္ထု၏အသက် ဖြစ်သည်။ ဤဝတ္ထုတွင် စာရေးဆရာက ဆုံးမစကား ဝင်မပြောဘဲ လူငယ်များ သင်ခန်းစာယူစရာ၊ အတုယူစရာ၊ ဆင်ခြင်နိုင်စရာ အဖြစ်အပျက်နှင့် အကြောင်းရပ်များကိုသာ ပေါ်လွင်အောင် ရေးဖွဲ့ထားသည်ကို တွေ့ရသည်။ လူငယ်များ လက်ခံနိုင်သော အတွေးအခေါ် အယူအဆ မျိုးပါသည့် လူငယ်ဝတ္ထုစစ်စစ်ဟု ဆိုရမည့်အပြင် စာဖတ်သူတို့အတွက် ခွန်အားဖြစ်စေ သော စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ၃၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်¬¬¬¬ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ¬¬¬(ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊     ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

ဆက်စပ် စာအုပ်များ
အိမ်မက်တစ်ရာ ကဗျာများ

အိမ်မက်တစ်ရာ ကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်ထုတ် စာအုပ်များ
စာပေဗိမာန်ထုတ် စာအုပ်များ

စာပေဗိမာန်ထုတ် စာအုပ်များ

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • ပုံနှိပ်ရေး
  • ရွှေသွေး
  • စာအုပ်များ
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေဗိမာန်
  • ပြိုင်ပွဲများ
  • အခမ်းအနားများ
  • အရောင်းဌာန
books
  • ၇ - ၂ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၆) ထွက်ရှိ

    06-Feb-2026
  • စာပေဗိမာန်က ပခုက္ကူစာပေဆု၊ ဝတ္ထုတိုပေါင်းချုပ် ပထမဆု ရရှိသည့် စာရေးသူ ညိမ်းညို၏ “မခန်းသောမြစ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချ

    05-Feb-2026
  • ၃၁-၁- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၅) e-book ထွက်ရှိ

    02-Feb-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman