• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
“ချစ်ပန်းမှုံ”

စာအုပ်အမည် - “ချစ်ပန်းမှုံ”

စာရေးဆရာအမည် - နေစိုးသော်

တန်ဖိုး - ၅၀၀၀

စာညွှန်း -
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု ပြဇာတ်စာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ နေစိုးသော် ၏ “ချစ်ပန်းမှုံ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ဤစာအုပ်တွင် မြေလတ်ပိုင်း မြို့ငယ်တစ်ခုနှင့် ရွာကလေးတစ်ရွာကို အခြေပြုထားသည့် ပြဇာတ်ဖြစ်ပြီး အခန်း (၁၇) ခန်း၊ ပြကွက် (၅၁) ခုဖြင့် ရေးဖွဲ့ထားသည်။ ရွာကလေးမှ မပန်းမှုံ သည် ပန်းနှင့်ဟင်းသီးဟင်းရွက်များကို မြို့သို့ သွားရောက်ရောင်းချကာ မိခင်ကြီးကို လုပ်ကျွေးလျက် ရှိသည်။ မီးလောင်ဒဏ်ရာများကြောင့် မိခင်ကြီး ဒေါ်သူဇာကို စုန်းမကြီး ဒေါ်အိုဇာဟု ယိုးစွပ်ကြပြီး မပန်းမှုံကိုလည်း စုန်းမလေးဟု သမုတ်ကာ ဝိုင်းပယ်ကြသည်။ ပန်းမှုံ၏ ရိုးသားသောစိတ်၊ လူမှုရေး လုပ်ရပ်များနှင့် ပင်ကိုအလှကို မြို့က ဆရာဝန်၏သား စိုးသူရက တွေ့မြင်နှစ်သက်ပြီး ချစ်ရေးဆိုရာ ချစ်တုံ့ပြန်ချင်သော်လည်း စိုးသူရ၏မိခင်က ပန်းမှုံနှင့် သဘောမတူ။ သူဌေးသမီး မြသီတာနှင့် ပေးစားချင်သည်။ နှလုံးရောဂါသည်မိခင်ကြီး၏ စိတ်ချမ်းသာမှုအတွက် စိုးသူရက မြသီတာနှင့် လက်ထပ်လိုက်ရသည်။ သို့သော် မြသီတာတို့အိမ်က အလုပ်သမားနှင့် ဖြစ်ပျက်ခဲ့သည့်ဇာတ်လမ်း ပေါ်သွားရာ စိုးသူရ၏မိခင်မှာ နှလုံးရောဂါနှင့် ကွယ်လွန်ခဲ့သည်။ နောက်ဆုံးတွင် နှလုံးလှသော ပန်းမှုံနှင့် စိုးသူရကို လက်ထပ်ပေးရန် စိုးသူရ၏ဖခင်က သဘောတူသည်။ ဇာတ်လမ်းမှာ စုန်းကဝေ စသော အစွဲအလမ်းယုံကြည်မှုများကို အမှားအမှန် ခွဲခြားဆင်ခြင်နိုင်ရန် ရေးဖွဲ့ထားခြင်း ဖြစ်သည်။ ပညာပေးရေးသားလေ့ရှိသော ဇာတ်အိမ်မျိုးဖြစ်သော်လည်း ရည်ရွယ်ချက်မြောက်အောင် ဇာတ်ကွက် များဖြင့် ထိရောက်စွာသောကြောင့် စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ၅၀၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

ဆက်စပ် စာအုပ်များ
အိမ်မက်တစ်ရာ ကဗျာများ

အိမ်မက်တစ်ရာ ကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်ထုတ် စာအုပ်များ
စာပေဗိမာန်ထုတ် စာအုပ်များ

စာပေဗိမာန်ထုတ် စာအုပ်များ

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေရေချမ်းစင်
  • ရွှေသွေး
  • စာမူများ
  • ပြိုင်ပွဲများ
  • ပုံနှိပ်ရေး
  • စာပေဗိမာန်
  • အရောင်းဌာန
  • စာကြည့်တိုက်
  • အခမ်းအနားများ
  • ပြည်သူ့လက်စွဲစာစဉ်
books
  • ၂၀၂၆ ခုနှစ်၊ မတ်လအတွက် အသင်းပေးစာအုပ်အဖြစ် “ညိမ်းညို ရေးသားသည့် “မခန်းသောမြစ်နှင့် အခြားဝတ္ထုတိုများ” စာအုပ် ဖြန့်ချိ

    31-Mar-2026
  • ၂၈- ၃- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၃) e-book ထွက်ရှိ

    31-Mar-2026
  • ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် ထုတ် အတွဲ (၇၉)၊ အမှတ် (၁၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    30-Mar-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman