• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
“စပျစ် စိုက်ပျိုးထုတ်လုပ်မှုနည်းပညာနှင့် သတင်းအချက်အလက်များ”

စာအုပ်အမည် - “စပျစ် စိုက်ပျိုးထုတ်လုပ်မှုနည်းပညာနှင့် သတင်းအချက်အလက်များ”

စာရေးဆရာအမည် - လှဆန်း (စိုက်ပညာ)

တန်ဖိုး - ၄၀၀၀

စာညွှန်း -
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ သုတပဒေသာ(ရိုးရိုးသိပ္ပံနှင့်အသုံးချသိပ္ပံ) တတိယဆုရရှိသည့် စာရေးသူ  လှဆန်း(စိုက်ပညာ)၏ “စပျစ် စိုက်ပျိုးထုတ်လုပ်မှုနည်းပညာနှင့် သတင်းအချက်အလက်များ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

“စပျစ်စိုက်ပျိုးထုတ်လုပ်မှုနည်းပညာနှင့်သတင်းအချက်အလက်များ”စာအုပ်သည် မြန်မာနိုင်ငံ၏ စပျစ်စိုက်ပျိုးရေးကို ကောင်းစွာအထောက်အကူပြုစေနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စပျစ်သီးနှံကို ပြည်ပမှ တင်သွင်းစိုက်ပျိုးထုတ်လုပ်မှု အခြေအနေသည် တည်ငြိမ်မှုမရှိခဲ့ပေ။ စပျစ်မျိုး များပြားစွာရှိလာ ခြင်း၊ စိုက်ပျိုးနည်းစနစ်များစွာ တီထွင်တိုးတက်လာခြင်းများရှိနေသည်။ စပျစ်သီးကို မြန်မာပြည်သူများ စားသုံးမှုများလာနေသည့်အတွက်  စပျစ်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် စပျစ်စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ နည်းပညာများနှင့် ကြုံတွေ့လာရမည့် အခြေအနေများကို လေ့လာသိရှိနိုင်ရေးသည်လည်း လိုအပ်ချက်တစ်ခုဖြစ်ပါသည်။

စာရေးသူသည် စိုက်ပျိုးရေးဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်သည်မှ သက်ပြည့်အငြိမ်းစား ယူသည်အထိ စိုက်ပျိုးရေး နယ်ပယ်အသီးသီးတွင် အထူးကြိုးစားကာ ဆောင်ရွက်ခဲ့ပြီး ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးအတွက် စမ်းသပ်လေ့လာမှုများ၊ လက်တွေ့စိုက်ပျိုးထုတ်လုပ်မှုများကိုလည်း ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ သီးနှံစိုက်ကွင်းနှင့် ဥယျာဉ်ခြံမန်နေဂျာ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) ၏ စီမံကိန်းဒါရိုက်တာ၊ စိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့် ပညာ‌ပေးရေး ဗဟိုဌာန (CARTC) သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးစသည့် တာဝန်များကိုလည်း အောင်မြင်စွာ ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ ဆည်ပေါက် စပျစ်ခြံကို တာဝန်ယူခဲ့စဉ်က မြန်မာနိုင်ငံရှိ စပျစ်စိုက်ပျိုးထုတ်လုပ်ရေးအတွက် များစွာအကျိုးပြုစေနိုင်မည့် လေ့လာစမ်းသပ်မှုများကို ပြုလုပ်ခဲ့ပြီး လက်တွေ့အသုံးချနိုင်ရေးတို့ကိုလည်း ဆောင်ရွက်ခဲ့သူဖြစ်သည်။

မြန်မာနိုင်ငံအတွင်း စပျစ်စိုက်ပျိုးထုတ်လုပ်ရာတွင် ဒေသအလိုက် ကိုက်ညီနိုင်မည့် စပျစ်မျိုးများ၊ စိုက်ပျိုးရေးစနစ်များနှင့် သတိပြုရန် လိုအပ်မည့်အချက်များအတွက် မှီငြမ်းပြု ကိုးကားစေနိုင်မည့်အပြင် စပျစ်စိုက်ပျိုးရေးကို လေ့လာလိုသူများအတွက်လည်း အထူးအကျိုးပြုစေမည်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၄ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ဝ၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉- ၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆ ) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည် လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

ဆက်စပ် စာအုပ်များ
အိမ်မက်တစ်ရာ ကဗျာများ

အိမ်မက်တစ်ရာ ကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်ထုတ် စာအုပ်များ
စာပေဗိမာန်ထုတ် စာအုပ်များ

စာပေဗိမာန်ထုတ် စာအုပ်များ

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပြိုင်ပွဲများ
  • ပြည်သူ့လက်စွဲစာစဉ်
  • အရောင်းဌာန
  • စာပေဗိမာန်
  • သုတပဒေသာစာစောင်
  • ပုံနှိပ်ရေး
  • စာကြည့်တိုက်
  • အခမ်းအနားများ
  • စာပေရေချမ်းစင်
  • ရွှေသွေး
books
  • ၁၄-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၄)ထွက်ရှိ

    13-Jun-2025
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃) e-book ထွက်ရှိ

    10-Jun-2025
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃)ထွက်ရှိ

    09-Jun-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman