• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
သမိုင်းအကျဉ်းသို့ ဆက်လက်ဖတ်ရှုရန််

၃။ ရည်ရွယ်ချက်များ(တာဝန်များ) ပြောင်းလဲသတ်မှတ်ခြင်း

၆။ မူလဖွဲ့စည်းစဉ်အချိန်က အသင်း၏ ရည်ရွယ်ချက်မှာ လေးချက်သာရှိခဲ့သော်လည်း ၁၉၄၇ ခုနှစ် စာပေဗိမာန်ဥပေဒေတွင် စာပေဗိမာန်၏ ရည်ရွယ်ချက်များ(တစ်နည်းအားဖြင့်) တာဝန်များကို အောက်ပါအတိုင်း ပြောင်းလဲသတ်မှတ်ခဲ့ပါသည် -

  • (က) မြန်မာတိုင်းရင်းသားများအဖို့ ဉာဏ်ပညာဗဟုသုတ တိုးပွားကြောင်းဖြစ်သော အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ အခြားသောနိုင်ငံခြားဘာသာဖြင့်ဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေထားသော စာအုပ်စာတမ်းများကို မြန်မာဘာသာပြန်ဆိုရန်။
  • (ခ) မြန်မာဘာသာဖြင့် ပြုစုရေးသားထားသော သို့မဟုတ် မြန်မာတိုင်းရင်းဘာသာ တစ်ခုခုဖြင့် ပြုစုရေးသားထားသော စီမံ စာအုပ်စာတမ်းများကို နိုင်ငံခြားဘာသာများသို့ ပြန်ဆိုရန် သို့မဟုတ် ပြန်ဆိုခြင်းကို ကူညီအားပေးရန်။
  • (ဂ) လူထုပညာရေး တိုးတတ်ကောင်းမွန်လာစေရန်နှင့် မြန်မာနိုင်ငံတွင် ပညာတတ်အဆင့်အတန်း မြင့်တတ်လာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာစာပေနှင့် မြန်မာ အနုပညာရပ်များကို စူးစမ်းရှာဖွေရန် သို့မဟုတ် စူးစမ်းရှာဖွေမှုများကို ကူညီအားပေးရန်။
  • (ဃ) ပင်ကိုဉာဏ်ဖြင့်သော်လည်းကောင်း၊ ရှာဖွေစုဆောင်း၍သော်လည်းကောင်း၊ ဘာသာပြန်၍သော်လည်းကောင်း၊ မှီငြိမ်းပြု၍သော်လည်းကောင်း၊ မြန်မာဘာသာ သို့မဟုတ် အခြားဘာသာများဖြင့် စာအုပ်များ၊ စာတမ်းများ၊ စာစောင်များ နှင့် အခြား ဖတ်ရှုဖွယ်ရာများကို ရေးသား ပုံနှိပ်ထုတ်လုပ်ဖြန့်ချိဝေငှရန် သို့မဟုတ် ရောင်းချရန်၊ ထိုရည်ရွယ်ချက်ဖြင့် ရုပ်ပုံများ၊ အနုပညာရပ်များပါဝင်သော စာအုပ်များ၊ စာတမ်းများ၊ စာစောင်များနှင့် အခြားဖတ်ရှုဖွယ်စာအုပ်များကို ပုံနှိပ်ထုပ်လုပ်ဖြန့်ချိဝေငှရန်အတွက် စာပုံနှိပ်ကိရိယာနှင့် အလုပ်သမား ရယးတည်ထောင် ခန့်အပ်ထားရှိသည်။
  • (င) အသင်၏ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရန်အတွက် လိုအပ်သည်ဟု အသင်းက ထင်မြင်သဘောရသော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း သို့မဟုတ် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းနှင့် မည်သည့်အခွင့်အရေး တစ်စုံတစ်ခုကိုမဆို ဝယ်ယူရန် သို့မဟုတ် ငှားယူရန် လဲလှယ်ယူရန် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ယူရန်။
  • (စ) မည်သည့်အဆောက်အဦကိုသော်လည်းကောင်း၊ လမ်းပန်းကိုသော်လည်းကောင်း၊ တိုက်ရိုက်ဖြစ်စေ၊ အခြားနည်းဖြစ်စေ၊ ဤအသင်းကြီးအား ပိုမို၍ အကျိုးဖြစ်ထွန်းဖွယ်ရှိမည်ဟူ၍ ခန့်မှန်းရသော အခြားအလုပ်များကိုသော်လည်းကောင်း တည်ဆောက်ရန်၊ မွမ်းမံရန်၊ စောင့်ရှောက်ရန်၊ တိုးချဲ့ရန်၊ လုပ်ကိုင်ရန်၊ အုပ်ချုပ်ရန်၊ ဆောင်ရွက်ရန်၊ ကြီးကြပ်ထိန်းသိမ်းရန်၊ ထိုသို့ တည်ဆောက်၊ မွမ်းမံ၊ စောင့်ရှောက်၊ အုပ်ချူပ်၊ ထိန်းသိမ်းမှု စသည်များ ပြုလုပ်ခြင်းကို အစုပါဝင်ရန်၊ ငွေဖြင့် ထောက်ပံ့ရန် သို့မဟုတ် အခြားနည်းဖြင့် ကူညီပါဝင်ရန်။
  • (ဆ) အသင်းကြီး၏ ရည်ရွယ်ချက်တစ်စုံတစ်ရာကို အထောက်အပံ့ဖြစ်မည့် အစီအစဉ်များကို အစိုးရ သို့မဟုတ် အခွင့်အရေးပိုင်သူများနှင့် စေ့စပ်ပြုလုပ်ရန် ရရှိအပ်သည်ဟု အသင်းက သဘောရသောအခွင့်အရေးနှင့် အထူးအခွင့်အရေးများကို အစိုးရမဟုတ်သော အခွင့်အရေး ပိုင်သူများထံမှ ရယူရန်နှင့် ၎င်း အစီအစဉ် အခွင့်အရေးနှင့် အထူးအခွင့်များကို ဆောင်ရွက်လိုက်နာရန်။
  • (ဇ) လူထုအသင်းအဖွဲ့များ၊ အစိုးရဌာနာများနှင့် လူအများအဖို့ စာအုပ်စာတမ်း ဖြန့်ချိသူများ၊ ဖြန့်ချိမှုကိုယ်စားလှယ်များ၊ စာအုပ်စာတမ်း၊ စာစောင်စသည်များကို ပေးသွင်းရောင်းချသူများ၏ အလုပ်ကို လက်ခံ လုပ်ကိုင်ရန်။
  • (ဈ) အသင်းက သင့်လျော်မည်ဟု သဘောရရှိသောနည်းဖြင့် ငွေများကိုချေးငှားယူရန်၊ ငွေချေးလက်မှတ်များကို ထုတ်ရန်နှင့် ဝင်ငွေရအောင်ပြုလုပ်ရန်၊ အထူးအားဖြင့် ဒီဗင်ချာများ သို့မဟုတ် ဒီဗင်ချာအစုရှယ်ယာများကို ထုတ်ရန်၊ အဆိုပါ ဒီဗင်ချာများသည် အသင်းပိုင် (လက်ရှိနှင့်တကွ အနာဂတ်ပိုင်) ပစ္စည်းများ အားလုံးအပေါ်တွင် လည်းကောင်း၊ ပစ္စည်းတစ်စုံတစ်ရာအပေါ်တွင်လည်းကောင်း၊ ထာဝရဖြစ်စေ၊ အခြားနည်းဖြစ်စေ၊ တောင်းခံနိုင်သော ဒီဗင်ချာများဖြစ်သည်။
  • (ည) ကတိငွေလက်မှတ်များ၊ ငွေလဲလက်မှတ်များ၊ ကုန်တင်လက်မှတ်များ၊ ဝရမ်းလက်မှတ်များနှင့် အခြား ငွေလဲနိုင်သည့် လက်မှတ်များကိုဖြစ်စေ၊ လွှဲပြောင်းပေးနိုင်သည့် စာချုပ်များကိုဖြစ်စေ၊ ရေးသားပြုလုပ် လက်ခံလက်မှတ်ထိုး ကော်မရှင်စား လက်ခံချုပ်ဆိုထုတ်ဝေခြင်းများကို ပြုလုပ်ရန်။
  • (ဋ) အခြားအလုပ်တစ်ခုသည် မည်သို့သော အလုပ်မျိုးဖြစ်စေ၊ အထက်ဖော်ပြပါ အချက်များနှင့် စပ်လျဉ်း၍ ချောမောစွာ လုပ်ကိုင်သွားနိုင်မည်ဟု အသင်းက ထင်မြင်သဘော ရရှိသော် သို့မဟုတ် တိုက်ရိုက်ဖြစ်စေ၊ အသင်းပိုင်ပစ္စည်းနှင့် အခွင့်အရေး တစ်စုံတစ်ရာအဖို့ အမြက်ထွက်ဖွယ်ရှိမည် သို့မဟုတ် တန်ဖိုးပိုမိုလာမည့်ကိန်းရှိသော် ထိုအလုပ်ကို လုပ်ရန်။
  • (ဌ) အခြားအလုပ်တစ်ခုသည် မည်သို့သော အလုပ်မျိုးဖြစ်စေ၊ အထက်ဖော်ပြပါ အချက်များ နှင့် စပ်လျဉ်း ချောမောစွာ လုပ်ကိုင်သွားနိုင်မည်ဟု အသင်းက ထင်မြင်သဘောရရှသော် သို့မဟုတ် တိုက်ရိုက်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ အသင်းပိုင်ပစ္စည်းနှင့် အခွင့်အရေးတစ်စုံတစ်ရာအဖို့ အမြတ်ထွက်ဖွယ်ရှိမည် သို့မဟုတ် တန်ဖိုးပိုမိုလာမည့်ကိန်းရှိသော် ထိုအလုပ်ကို လုပ်ရန်။
  • (ဍ) လက်ငင်းအသုံးပြုရန် မလိုသေးသော အသင်းငွေများကို ရံဖန်ရံခါ မည်သို့စီမံခန့်ခွဲအပ်သည်ဟု ပြဌန်းသတ်မှတ်သည့်အတိုင်း ရင်းနှီးစီမံထားရန်။
  • (ဎ) အထက်ပါရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်သည့် ကိစ္စများကိုဖြစ်စေ၊ ယင်းသည် ရည်ရွယ်ချက်များ ထမြောက်ရေးအတွက်ဖြစ်စေ၊ တရားဥပဒေနှင့် ညီညွတ်သော အခြားကိစ္စမျိုးတို့ကို ပြုလုပ်ရန်။
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေရေချမ်းစင်
  • စာပေဗိမာန်
  • သုတပဒေသာစာစောင်
  • ပြိုင်ပွဲများ
  • ပုံနှိပ်ရေး
  • အခမ်းအနားများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာကြည့်တိုက်
  • ရွှေသွေး
  • စာမူများ
books
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman