၇။ အသင်းမူလဖွဲ့စည်းစဉ်က အုပ်ချုပ်ရေးကောင်စီကို အဖွဲ့ဝင်လူကြီး (၁၂) ဦးဖြင့် ဖွဲ့စည်းခဲ့ သော်လည်း ၁၉၅၁ ခုနှစ်တွင် အသင်း၏စည်းမျဉ်းဥပဒေအရ အဖွဲ့ဝင် (၁၅) ဦးအထိ တိုးချဲ့ ဖွဲ့စည်းခဲ့ပါသည်။ ယင်းကောင်စီတွင် လူကြီးများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
၈။ စာပေဗိမာန် အုပ်ချုပ်မှုကောင်စီသည် အစည်းအဝေးများကို တစ်လတစ်ကြိမ် ပုံမှန်ကျင်းပခဲ့ရာ အစည်းအဝေးတတ်သူ ဦးရေမပြည့်သဖြင့် ရွှေ့ဆိုင်းလိုက်ရသော အစည်းအဝေး ဟူ၍ တစ်ခါမျှ မရှိခဲ့ပါ။ ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် ကောင်စီဝင် လူကြီးများသည် မည်မျှ စိတ်ပါဝင်စား၍ အားတတ်သရော ဆောင်ရွက်နေကြသည်ကို သိသာနိုင်ပါသည်။ ကျင်းပခဲ့သော အစည်းအဝေးတိုင်း၌ အသင်းဥက္ကဌကြီး ဝန်ကြီးချုပ်ဦးနုသည် သဘာပတိအဖြစ်လည်းကောင်း၊ ပြန်ကြားရေးဌာန အတွင်းဝန် ဦးသန့်သည် အကျိုးဆောင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ ဆိုင်ရာဌာန တာဝန်ခံတို့က လစဉ်အစီရင်ခံစာများအတွက် မူဝါဒခံယူခြင်းတို့ကို အားတတ်သရော ဆောင်ရွက်ခဲ့ကြပါသည်။