၃။ ၁၉၄၇ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် ဦးနုဦးဆောင်ပြီး “ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း ” ကိုအောက်ပါရည်ရွယ်ချက် (၄) ရပ်ဖြင့် ဖွဲ့စည်းခဲ့ပါသည် -
၄။ အသင်းကို ယုဒသန်ကောလိပ် ကျောင်းဝင်းအတွင်း ယာယီအသင်းတိုက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ် မေလတွင် ပြည်လမ်း အမှတ် ၃၆၁၊ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ယင်းအဆောက်အဦကို “စာပေဗိမာန်” ဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ အသင်းကိုလည်း “စာပေဗိမာန်” ဟုပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
၅။ စာပေဗိမာန်၏ အမှတ်တံဆိပ်သည် ဖွင့်ထားသော စာအုပ်အပေါ်တွင် လင်းရောင်ခြည်ယှက်သန်းနေသော ပုံစံဖြစ်ပြီး စာအုပ်၏ တစ်ဖက်ခြမ်းသည် အမှောင် (အမည်းရောင်) ဖြစ်ကာ စာအုပ်၏ တစ်ဖက်ခြမ်းမှာ အလင်း (အဖြူရောင်) ဖြစ်ပါသည်။ စာအုပ်၏ အလယ်တွင် ကလောင်တစ်ချောင်းက အမှောင်ကို ကန့်လန့်ဖြတ်ပြီး အလင်းဘက်သို့ ထိုးဖောက်ဝင်ရောက်သည့်ပုံကို သရုပ်ဖော်ထားသည်။ အသင်း၏ဆောင်ပုဒ်မှာ “အမှောင်ခွင်း၍ အလင်းဆောင်အံ့” (Light, Where Darkness Was) ဖြစ်ပါသည်။