၁။ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။
၂။ ထိုကွန်ဖရင့်တွင် ဗိုလ်ချုပ်အောင်ဆန်းက “စာအုပ်များ ထုတ်ဝေရေးကိစ္စတွင် ကျယ်ပြန့်သော လူထုလက်သို့ ပေါက်ရောက်နိုင်သော ဘာသာပြန်စာပေများ ထုတ်ဝေရေးကို အာရုံပြုသင့်ကြသည်။ ဘာသာပြန်ဌာနကြီးတစ်ခုကို ကျွန်ုပ်တို့ ဖွင့်လှစ်သင့်ကြသည်” ဟူ၍ လမ်းညွှန် မှာကြားခဲ့ပါသည်။