၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့ သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါ သည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၇ ခုနှစ်၊ မတ်လထုတ် သုတပဒေသာစာစောင်၌ စားသုံးသူ အန္တရာယ်ကင်းရှင်းရေး (မျက်နှာဖုံးဆောင်းပါး) တွင် စားသုံးသူအန္တရာယ်ကင်းရှင်းရေးနှင့် ဥပဒေအမြင်၊ စားသုံးသူအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူအန္တရာယ်ကင်းရှင်းရေးနှင့် အကျိုးကျေးဇူးများ၊ ကဗျာကဏ္ဍတွင် အဘွားအို၊ နှင်းပန်းဝါကလေးများသို့၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍတွင် လွှတ်တော်ကိုယ်စားလှယ်ကို တာ၀န်မှပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေ၊ အာဆီယံဆိုင်ရာကဏ္ဍတွင် အာဆီယံ လူ့စွမ်းအား အရင်းအနှီးနှင့် အိုင်တီဖွံ့ဖြိုးတိုးတက်မှု၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် သတ္တမမြောက်ပညတ်တော်၊ ကြီးပွားချင်လျှင် အချိန်ကိုလေးစားပါ၊ ရယ်ရယ်မောမော၊ လူငယ်ဆိုင်ရာကဏ္ဍတွင် လူငယ်နှင့်ပရဟိတစိတ်၊ သဘာ၀ ပတ်၀န်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ကမ္ဘောဒီးယားနိုင်ငံ၏ အော်ဂဲနစ်စိုက်ပျိုးရေး၊ အိမ်မွေးတိရစ္ဆာန်လုပ်ငန်း၊ မဟာမဲခေါင်ဒေသမှ မျိုးစိတ်သစ်များ၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် အာဖဂန်နစ္စတန်နိုင်ငံရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် မျိုးရိုးဗီဇက ဘာတွေပြောပြနိုင် သလဲ၊ သိပ္ပံပညာ ရာဇ၀င်သမိုင်း၊ အိုင်စီတီ ပညာခေတ်အရွေ့အပြောင်း၊ နိုင်ငံတကာရေးရာကဏ္ဍတွင် ကမ္ဘာကြီးကို ခြိမ်းခြောက်လာသော အမျိုးသားရေး အယူဝါဒသစ်၊ ဆော်ဒီ အာရေဗျနိုင်ငံနှင့် ရွှေ့ပြောင်းအလုပ်သမားများအရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် အပူဒဏ်နှင့် ကျန်းမာရေးသတိ၊ ဆန်းသစ် ဖွေရှာ ဆေးပညာ (၁၈၃)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် မုန်တိုင်းကြားက ကြင်နာမှု၊ စိတ်ဖြေသိမ့်စရာ ပုံတူပန်းချီ၊ ပြစ်မှုနောက်ကွယ်မှ စိတ်၀င်စားစရာဘ၀၊ ၀တ္ထုတိုကဏ္ဍတွင် မြူမှောင်ခွင်းလို့ လမင်းသာချိန်၊ ငယ်ချစ်ဟောင်း၏တေးသံသာ၊ ကျောက်ကပ်တစ်လုံး အသက် တစ်ချောင်း၊ အထွေထွေကဏ္ဍတွင် ကြည်နူးဖွယ်စုံ ဆင်ဆေးရုံ၊ သံယောဇဉ် ပြည့်လျှမ်း စီမံသူ၏အစွမ်း၊ သုတတိုထွာနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။