ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက နှစ်စဉ်ထုတ်ဝေလျက် ရှိသော မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် စာအုပ်များ ပြုစုထုတ်ဝေရာတွင် လမ်းညွှန်အကြံပြုမှုများ ချမှတ်ပေးနိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့၏ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၉) ဆိုင်ရာ အစည်းအဝေးကို စာပေဗိမာန်ရုံး ကလေးစာကြည့်တိုက်ခန်းမ၌ (၂၉-၈-၂၀၁၉) ရက် မွန်းလွဲ ၁ : ၀၀ က ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ဝင် ဒေါက်တာတိုးလှက ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌကိုယ်စား သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဒေါက်တာဒေါ်ခင်သိန်း၊ ဒေါက်တာစန်းဝင်း၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးစံသင်းလှိုင်၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)၊ ဒေါက်တာအေးကျော် (ဆေးသုတေသန)၊ ဒေါက်တာခင်မောင်ညို၊ စာတည်းမှူး ဦးစိုးမြင့်သန်းနှင့် စာတည်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၉) ထုတ်ဝေဖြန့်ချိရေးနှင့် စာအုပ်ပါ အကြောင်းအချက်များ ပြန်လည်သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။