မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကို ဖွဲ့စည်းတည်ထောင်ရန် ကြံဆခဲ့ကပင် ပညာရှင်များက မြန်မာ့ စွယ်စုံကျမ်းထုတ်ဝေရန် စဉ်းစားခဲ့ကြသည်။ ၁၉၅၄ခုနှစ်တွင် မြန်မာ့စွယ်စုံကျမ်း အတွဲ(၁)ကို ထုတ်ဝေနိုင်ခဲ့ပြီး ဖြစ်သည်။ ၁၉၇၇ခုနှစ်တွင် မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၅)ကို ထုတ်ဝေခဲ့သည်။ မြန်မာ့စွယ်စုံကျမ်း (၁၅)တွဲ ထုတ်ဝေပြီးနောက် နှစ်စဉ် အသစ်ထပ်မံဖြစ်ပေါ် လျက်ရှိသည့် အကြောင်း ရပ်များကို စုစည်းဖော်ပြသော ဖြည့်စွက်ချက် အပြည့်ကျမ်းအဖြစ် စွယ်စုံကျမ်းနှစ်ချုပ်ကို ၁၉၇၈ခုနှစ်မှ စ၍ တစ်နှစ်လျှင် တစ်အုပ် ထုတ်ေ၀ ခဲ့သည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ(၁)မှ အတွဲ(၁၅) အထိ အက္ခရာစဉ်အလိုက် က မှ အ အထိ အကြောင်း ရပ်များကို ဖော်ပြထားသည်။ မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်တွင်မူ ဖော်ပြသည့်နှစ်အတွင်း ဖြစ်ပျက်ခဲ့သော ပြည်တွင်းပြည်ပ ဖြစ်ရပ်များကို နေ့ရက်အစီအစဉ်အတိုင်း ဖော်ပြသည့် အပိုင်း(၁)အဆိုပါနှစ်အတွင်း ထူးခြားစွာ ဖြစ်ပျက်ခဲ့သော ဝိဇ္ဇာ ၊ သိပ္ပံ၊ ဆေးပညာ၊ စက်မှုပညာ၊ လူမှုရေးဆိုင်ရာ စသည့် အကြောင်းအရာ ဆောင်းပါးများကို ဖော်ပြသည်။ အပိုင်း (၂) အဆိုပါနှစ်အတွင်း မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် ဖြစ်ပျက်ခဲ့သည့် ထူးခြားသော အကြောင်းအရာများ ကို အက္ခရာစဉ် အလိုက် ဖော်ပြခြင်းနှင့် အဆိုပါနှစ်အတွင်း ကွယ်လွန်ခဲ့သည့် နယ်ပယ်အသီးသီးမှ ထင်ပေါ်ကျော်ကြားလျက် ရှိသူများ၏ အတ္ထိုပ္ပတ္တိ အကျဉ်းများကို ဖော်ပြသည့် အပိုင်း (၃) တို့ပါဝင်သည်။