မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၈) ထုတ်ဝေဖြန့်ချိရေးနှင့် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၉) ပြုစုရေးဆိုင်ရာ မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အစည်းအဝေးကို ၂၃-၇-၂၀၁၈ မွန်းလွဲ ၁ : ၀၀ နာရီက စာပေဗိမာန်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ဝင် ဦးကျော်ဝင်း (မနုဿကျော်ဝင်း)၊ ဒေါက်တာဒေါ်ခင်သိန်း၊ ဒေါက်တာဦးစန်းဝင်း၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါက်တာစိုးနိုင်၊ ဒေါက်တာမင်းသောင်၊ ဦးစံသင်းလှိုင်၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)၊ ဒေါက်တာအေးကျော် (ဆေးသုတေသန)၊ ဒေါက်တာစောမြအောင်၊ ဒေါက်တာခင်မောင်ညို၊ ဒေါ်ယုယုတင် (စာကြည့်တိုက်မှူး၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်)၊ ဦးစိုးမြင့်သန်း (စာတည်းမှူး) နှင့် စာတည်းအဖွဲ့ဝင်များဖြစ်သည့် ဒေါ်ခင်ဝါဆွေ၊ ဒေါ်အိခိုင်ဇင်ထွဋ်၊ ဦးကျော်သူစိုး၊ ဒေါ်ကြူကြူသန်းတို့ တက်ရောက်ကြကာ မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ စည်သူဒေါက်တာသော်ကောင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးတင်ခ (တက္ကသိုလ်တင်ခ)၊ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာတိုးလှ၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးစိန်လှိုင် (သူရဇော်)၊ ဦးကျော်ဦး၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့အတွင်းရေးမှူး၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့က ခွင့်ပန်ကြသည်။
အစည်းအဝေးတွင် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်ဦးကျော်ဝင်း (မနုဿကျော်ဝင်း) က အဖွင့်အမှာစကားပြောကြားပြီး စာတည်းမှူးဦးစိုးမြင့်သန်းက စွယ်စုံကျမ်း နှစ်ချုပ် ၂၀၁၈ ထုတ်ဝေဖြန့်ချိရေးနှင့် စွယ်စုံကျမ်းနှစ်ချုပ် ၂၀၁၉ ပြုစုရေးဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ ထို့နောက်တက်ရောက်လာသည့် ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ဝင်များက စွယ်စုံကျမ်းနှစ်ချုပ် ၂၀၁၈ ပြင်ဆင်ဖြည့်စွက်သင့်သည့် အကြောင်းအရာများနှင့် စွယ်စုံကျမ်းနှစ်ချုပ် ၂၀၁၉ ပြုစုရေးဆိုင်ရာများ အကြံပြု ဆွေးနွေးကြသည်။
အစည်းအဝေးကို မွန်းလွဲ ၂ : ၃၀ တွင် ရုပ်သိမ်းသည်။