• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၀-၁၀- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၄၁) ထွက်ရှိ

၁၀-၁၀- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၄၁) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၈)၊ အမှတ်(၄၁) တွင်  အများအကျိုးအတွက် ဆောင်ရွက်ချင်သော ရည်မှန်းချက်များ ပြည့်မြောက်သွားသည့် ခွေးလေးပေါ်ပီအကြောင်းကို သရုပ်ဖော်ထားသည့် “အများအကျိုးဆောင်ချင်တဲ့ ခွေးကလေးပေါ်ပီ” မျက်နှာဖုံးကာတွန်း၊ သူငယ်ချင်းများက ကရာတေးပညာ မာန်တက်ကာ အနိုင်ကျင့်ခဲ့သော မြဂျိုးကို ဆုံးမလိုက်သည်ကို သရုပ်ဖော်ထားသည့် “မြဂျိုးနှင့် ကရာတေး” နှစ်မျက်နှာကာတွန်း၊ ဦးလေးက ဗဟုသုတများရမည့် စာအုပ်နှင့် ပုံပြင်များကိုသာ ဖတ်သင့်ကြောင်း ရန်ပိုင်စိုးအား ဆုံးမထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ သူငယ်ချင်းအချင်းချင်း စကားပြောဆို ရာတွင် ချိုသာပြေပြစ်စွာပြောဆိုရန်နှင့် ချင့်ချိန်ပြောဆိုရန် လိုအပ်ကြောင်းကို သရုပ်ဖော်ထားသည့် “စကား” နှစ်မျက်နှာကာတွန်း၊ မိခင်က သူ၏အပြစ်ကိုဝန်မခံဘဲ ကြောင်လေးဘိုဖြူအး အပြစ်လွှဲချသည့် ချက်စူကို အမြင်မှန်ရအောင် ဆုံးမထားသည်ကို သရုပ်ဖော်ထားသည့် “ချက်စူ၌ရဲ့ သူကြိုက် ကိုယ်ကြိုက်” နှစ်မျက်နှာကာတွန်းနှင့် သူငယ်ချင်းများ စာကျက်နေ၍ ပိုင်ပိုင်လေးလည်း စာကျက်တော့မည်ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် “စာကျက်ချိန်”မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထား ပါသည်။

ကလေးတို့အနေနှင့် မြူနှင်းများ စတင်ဖြစ်ပေါ်ပုံနှင့် မြူနှင်းအမျိုးအစားများအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “မြူနှင်းများ” သုတဆောင်းပါးကဏ္ဍ၊ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် စသည့် ယဉ်ကျေးမှုအမွေအနှစ်များကို အများပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပြသထားသည့် စာဆိုဗိမာန်သို့ လာရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်ထားသည့် ကြော်ငြာကဏ္ဍ၊ ကောက်ကျစ်စဉ်းလဲပြီး မရိုးသားသည့် ကိုလောဘသည် နောက်ဆုံးတွင် ရွာမှထွက်ခွာ သွားရသည့် အကြောင်းကို ရေးသားထားသည့် “မရိုးသားတဲ့ အိမ်နီချင်း”  ပုံပြင်ကဏ္ဍ၊ လူကြီးမိဘ၏ စကားကို နားထောင်ကာ ဂိမ်းမဆော့တော့ဘဲ ကျောင်းစာကိုသာ ဂရုတစိုက်ဖြင့် ကျက်မှတ်ပြီး ကြိုးစားခဲ့သော မောင်ရဲထွဋ်အကြောင်းကို ရေးသားထားသည့် “မိုးတိမ်ကြားက လင်းလက်ကြယ်”  ဝတ္ထုကဏ္ဍနှင့် ဘဝတွင် ပညာများသင်ကြားပေးခဲ့သည့် ဆရာများ၏ ကျေးဇူးကိုဆပ်နိုင်ရန်အတွက် ရေးဖွဲ့ထားသည့် “ကျေးဇူးဆပ်ဖို့ နှိုးဆော်ချက်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စကားပြောဆိုရာတွင် သဘာဝကျနစွာ ပြောဆိုလေ့လာနိုင်မည့် “အခြေခံ လိုအပ်သည့် အီဒီယမ်” ကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“အကြင်နာပန်းတို့ လန်းပါစေ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • သုတပဒေသာစာစောင်
  • ပုံနှိပ်ရေး
  • အခမ်းအနားများ
  • ပြိုင်ပွဲများ
  • စာအုပ်များ
  • စာကြည့်တိုက်
  • စာမူများ
  • အရောင်းဌာန
  • ပြည်သူ့လက်စွဲစာစဉ်
books
  • ၁၇ - ၁၀ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၄၂) ထွက်ရှိ

    16-Oct-2026
  • ၁၀-၁၀- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၄၁) ထွက်ရှိ

    09-Oct-2026
  • ၃- ၁၀- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၄၀)ထွက်ရှိ

    02-Oct-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman