• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၅ - ၂ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၇) ထွက်ရှိ

၁၅ - ၂ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၇) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၇)၌  သစ်ပင်များ စိမ်းလန်းသာယာသော သစ်တောထဲသို့ ပေါက်ဖတ်များ ရောက်ရှိလာကာ သစ်ရွက်သစ်ညွန့်များအား ဖျက်ဆီးပစ်သည်ကို စုပေါင်းနှိမ်နင်းလိုက်သောကြောင့် သစ်တော ပြန်လည် စိမ်းလန်းသာယာလာသည်ကို  သရုပ်ဖော်ထားသည့် “ကမ္ဘာဦးသစ်ပင်” မျက်နှာဖုံးဇာတ်လမ်း၊ တပို့တွဲလ တွင် ထမနဲများထိုး၍ သဒ္ဓါတရားထက်သန်စွာ အလှူပြုကြပုံကို သရုပ်ဖော်ထားသည့် “တပို့တွဲလ ထမနဲပွဲ” နှစ်မျက်နှာကာတွန်း၊ မိခင်စကားကို နားမထောင်မိ၍ ဒုက္ခနှင့်ကြုံတွေ့ခဲ့ရသည့် မြွေလေးအကြောင်းကို သရုပ်ဖော်ထားသည့် “မေမေ့စကား” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို ကူညီချင်စိတ်ကြောင့် ကစားရန် နေရာရရုံသာမက စားစရာမုန့်ပဲသရေစာများပါ ရရှိခဲ့ကြသော ဖြိုးရဲတို့သူငယ်ချင်းတစ်စုအကြောင်းကို  သရုပ်ဖော်ထားသည့်  “ဖြိုးရဲပါဝင်သည့် ဘယ်မှာကစားရမလဲ” နှစ်မျက်နှာကာတွန်း၊ ဂျူဒိုသင်တန်း တက်ကာ နေရာတိုင်းတွင် ကစားပြနေ၍ ခွေးလိုက်ခံရကာ ပြေးခဲ့ရသော လူငယ်လေးတစ်ယောက် အကြောင်းကို သရုပ်ဖော်ထားသည့် “မာရသွန်”  တစ်မျက်နှာကာတွန်းနှင့် ကစားချိန်တွင် ကစား၍ မိဘကို ကူညီချိန်တွင် ကူညီပြီး မိမိ၏အိမ်စာများကိုလည်း အချိန်မှန်မှန် ပြုလုပ်လေ့ရှိသော ဖိုးတစ်တိုအကြောင်း ကို သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

ရေဖျဉ်းစွဲခြင်းလက္ခဏာများနှင့်အတူ ထမင်းစားပြီး ရေချိုးခြင်းနှင့် ရေဖျဉ်းစွဲခြင်းတို့ ဆက်စပ်မှု မရှိကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ထမင်းစားပြီး ရေချိုးခြင်းနှင့် ရေဖျဉ်းစွဲခြင်း” သုတဆောင်းပါး၊ မိမိသင်ယူမည့် မည်သည့်ပညာရပ်ကိုမဆို တလေးတစားဖြင့် အရေးထားကြိုးစား အားထုတ်နိုင်မှသာ ကြီးပွားတိုးတက်မည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “အတတ်ပညာ” ပုံပြင်နှင့် ကလေး များကစားရာ၌ စည်းကမ်းတကျ အချိန်သတ်မှတ်၍ ကစားရန်နှင့် မိဘများ၏ ဆုံးမစကားကို လိုက်နာသင့်ကြောင်း ရေးဖွဲ့ထားသည့်  “တစ်ကြောင်းတည်းသော  စည်း” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍနှင့် ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင် လှလှခြယ်ကြရအောင်” ကဏ္ဍတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကို လေ့လာရာ၌ အသုံးဝင်သည့် နေ့စဉ်သုံး စကားအသုံးအနှုန်းများထဲမှ ထူးခြားအဓိပ္ပာယ်ထွက်သည့် စကားစုအချို့အကြောင်းကို ရေးသားထားသည့် “Useful Everyday Idioms” အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍတို့ ပါဝင်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပြိုင်ပွဲများ
  • စာပေဗိမာန်
  • စာကြည့်တိုက်
  • အခမ်းအနားများ
  • သုတပဒေသာစာစောင်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေရေချမ်းစင်
  • စာအုပ်များ
  • ရွှေသွေး
  • စာမူများ
books
  • ၁၇-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၀)ထွက်ရှိ

    16-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလအတွက် အသင်းပေးစာအုပ်အဖြစ် “ကိုဇော်ဌေး (ယဉ်ကျေးမှု)” ရေးသားသည့် “ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး” စာအုပ် ဖြန့်ချိ

    15-May-2025
  • ၁၀-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) e-book ထွက်ရှိ

    15-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman