• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၇-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၀)ထွက်ရှိ

၁၇-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၀)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၀)၌ မုန်ဖတ်သည် ဦးလေးကြီးသည် ခိုကလေးများကို နေ့စဉ် စေတနာထား အစာကျွေးရာက ခိုလေးများ၏ ကျေးဇူးရှင်အပေါ် ကျေးဇူးသိတတ်မှုကို ပြန်လည် ခံစားရပုံ အကြောင်း သရုပ်ဖော်ထားသည့် “မေတ္တာရောင်ပြန်” မျက်နှာဖုံးကာတွန်း၊ ဖေဖေနှင့် မေမေ ပြောသည့်စကားကို တစ်သဝေမတိမ်း လိုက်နာကြသော ကီးကီနှင့် ဂျိုးဂျိုးအကြောင်း သရုပ်ဖော် ထားသည့် “ကီးကီ၊ ဂျိုးဂျိုးနဲ့ မိဘစကား မဖယ်ရှား” နှစ်မျက်နှာကာတွန်း၊ အလွန် အပျင်းကြီးသော ကိုကျောက်ကျောသည် သူ၏ ပျင်းရိမှုကြောင့် အသက်ဆုံးရှုံးရသည်အထိ ဘေးတွေ့ရပုံအကြောင်း သရုပ်ဖော်ထားသည့် “ပျင်းလွန်းသူ” နှစ်မျက်နှာကာတွန်း၊ ဘဝင်မြင့်သော ကြက်မောင်နှံနှင့် ကောက်ကျစ်သော မြေခွေးတို့အကြောင်း သရုပ်ဖော်ထားသည့် “ဘဝင်မမြင့်နဲ့” နှစ်မျက်နှာကာတွန်း၊ ရပ်ကွက်လမ်းသန့်ရှင်းရေးတွင် ပါဝင်ကူညီကြမည်ဆိုသော တင်မျိုးဇော်တို့ သူငယ်ချင်းတစ်စုအကြောင်း သရုပ်ဖော်ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်းနှင့် အင်္ကျီမချွတ်ဘဲ ရေချိုးနေသည့် ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့် အပူလျှပ်ခြင်း၏ လက္ခဏာများနှင့် အပူမလျှပ်စေရန်အတွက် သတိပြုဆင်ခြင်နိုင်သည့် နည်းလမ်းကောင်းများအကြောင်း တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကလေးတို့အနေဖြင့် ငယ်ရွယ်ချိန်ကတည်းက အသုံးနှင့် အဖြုန်းကို ခွဲခြားသိပြီး မကုန်သင့်သည်ကို မကုန်အောင် စည်းကမ်းတကျ ပြုမူနေထိုင်တတ်ရမည် ဖြစ်ကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ဆိုင်မွန်၏ အဖေသည် အမှန်တကယ် မှော်အစွမ်းကို ရရှိနိုင်သည့် နည်းလမ်းကို ပြောပြလိုက်ပုံအကြောင်း တင်ဆက်ထားပါသည်။  ထို့ပြင် ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထား သည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် သူငယ်ချင်းများနှင့်အတူ မွေးနေ့ပွဲကို ပျော်ရွှင်စွာ ကျင်းပရသည့် အတွက် ပျော်ရွှင်မဆုံးဖြစ်ရပုံအကြောင်း ရေးဖွဲ့ထားသည့် ဆရာ မင်းနီခိုင် (မောင်တော)၏ “သားသားမွေးနေ့” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အဓိကလမ်းမကြီးပေါ်ရှိ ငှားရမ်းမည့် တိုက်ခန်းကို ကြည့်ရှုရန် ချိန်းဆိုခြင်းနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောထားသည်ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ 

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • အခမ်းအနားများ
  • စာပေရေချမ်းစင်
  • သုတပဒေသာစာစောင်
  • ပုံနှိပ်ရေး
  • စာကြည့်တိုက်
  • စာအုပ်များ
  • ပြည်သူ့လက်စွဲစာစဉ်
  • ပြိုင်ပွဲများ
  • ရွှေသွေး
books
  • ၁၇-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၀)ထွက်ရှိ

    16-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလအတွက် အသင်းပေးစာအုပ်အဖြစ် “ကိုဇော်ဌေး (ယဉ်ကျေးမှု)” ရေးသားသည့် “ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး” စာအုပ် ဖြန့်ချိ

    15-May-2025
  • ၁၀-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) e-book ထွက်ရှိ

    15-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman