• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၂ - ၁၀ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၄၁) ထွက်ရှိ

၁၂ - ၁၀ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၄၁) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၄၁)၌ သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် သူငယ်ချင်းများနှင့်အတူ ဆရာမိဘများကို ကန်တော့ကာ မီးထွန်းပွဲတော်ကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခဲ့ကြသည့် အောင်ဘုတို့ သူငယ်ချင်းများအကြောင်းကို ရေးဖွဲ့ထားသည့် “ပျော်ရွှင်ဆင်နွှဲ သီတင်းကျွတ်မီးထွန်းပွဲ” မျက်နှာဖုံး ကာတွန်း၊ တစ်အိမ်တည်းနေ ကြောင်အချင်းချင်း ရန်မဖြစ်ကြဘဲ သင့်သင့်မြတ်မြတ်နေထိုင်ကြမည်ဟု ကတိပေးထားသော်လည်း အစာကိုမြင်၍ အချင်းချင်း ရန်စောင်မိကြပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ကတိသစ္စာ” နှစ်မျက်နှာကာတွန်း၊ စင်ရော်ငှက်နှင့် ဇီးကွက်တို့မှာ ကုန်ပစ္စည်းများ ကုန်သွယ်ကြရာမှ သင်္ဘောမှောက်ကာ ၎င်းတို့၏ နေထိုင်မှုပုံစံများ ပြောင်းလဲသွားရပုံအကြောင်းကို ရေးဖွဲ့ထားသည့် “စင်ရော်ငှက်နှင့် ဇီးကွက်” နှစ်မျက်နှာကာတွန်း၊ သားကောင်ကြီးရှိမည်အထင်နှင့် ကျောက်ဂူအဝကို မီးရှို့ရာမှ ကျောက်ဂူပေါက်ကွဲသွားမှုကြောင့် ကြောက်လန့်တကြားပြေးခဲ့ရသော ဖိုးချွန်းနှင့် ဝိတ်ပေါတို့ နှစ်ယောက်အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါနှင့် သူပြေးကိုယ်ပြေး” နှစ်မျက်နှာကာတွန်း၊ သီတင်းကျွတ်လပြည့်နေ့တွင် ဗြောက်ဖောက်ကာ ခြောက်လှန့်မိ၍ မိခင် ဆေးရုံရောက်ရသည်ကို နောင်တ ရသွားသည့် ဟိန်းစည်အကြောင်းကို သတိပြုဖွယ် ရေးဖွဲ့ထားသည့် “ပန်ပန်- သီတင်းကျွတ်ချိန်ခါ” တစ်မျက်နှာကာတွန်းနှင့် ဆရာမမေးသည့် မေးခွန်းများကို သွက်သွက်လက်လက်ဖြင့် ဖြေကြားခဲ့သည့် ဖြတ်ထိုးဉာဏ်ကောင်းသော ဖိုးဂျီအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးဂျီ” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သုတကဏ္ဍတွင် လူသားများနှင့် အကျွမ်းတဝင်နေထိုင်တတ်သော ခွေးများမှတစ်ဆင့် လူတို့ထံ ကူးစက်တတ်သော ခွေးရူးရောဂါအကြောင်းကို  ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ခွေးရူးရောဂါ အန္တရာယ် ကာကွယ်ကြပါစို့” သုတဆောင်းပါးကို ထည့်သွင်းဖော်ပြထားပါသည်။ မိမိ၏ ဆွေမျိုးများ ဒုက္ခရောက်နေသည်ကို ဖြတ်ထိုးဉာဏ်သုံးကာ ကယ်ဆယ်ပေးခဲ့သည့် မျောက်အကြောင်းကို ရေးဖွဲ့ထား သည့် “မိမိအမျိုးကို ချစ်သူ” ပုံပြင်နှင့် လူကြီးမိဘများ ပြောကြားသောစကားနှင့် မိမိကြားသိရသော အကြောင်းအရာများကို စိတ်ပါလက်ပါနာယူမှတ်သားဆောင်ရွက်သဖြင့် ဆုအကြိမ်ကြိမ်ရရှိခဲ့သော ပြည့်စုံသာအကြောင်းကို ရေးဖွဲ့ထားသည့် “နာယူမှတ်သား ဘယ်ခါမမှား” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့်  “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့ စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍနှင့် သီတင်းကျွတ်လပြည့်တွင် ကျင်းပလေ့ရှိသော မီးထွန်းပွဲတော်အကြောင်းကို စပ်ဆိုထားသည့် “မီးထွန်းပွဲတော် တို့ နွှဲပျော်” ကဗျာတို့ ပါဝင်ပါသည်။

အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍအနေဖြင့် အင်္ဂလိပ်စကားအသုံးအနှုန်းတွင် ထူးခြား အဓိပ္ပာယ်၊ သီးခြားအဓိပ္ပာယ်ထွက်သည့် စကားလုံးအချို့အကြောင်းကို ရေးဖွဲ့ထားသည့် “Useful Everyday Idioms” အင်္ဂလိပ်စာအသုံးအနှုန်းများကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပြိုင်ပွဲများ
  • စာပေဗိမာန်
  • စာကြည့်တိုက်
  • အခမ်းအနားများ
  • သုတပဒေသာစာစောင်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေရေချမ်းစင်
  • စာအုပ်များ
  • ရွှေသွေး
  • စာမူများ
books
  • ၁၇-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၀)ထွက်ရှိ

    16-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလအတွက် အသင်းပေးစာအုပ်အဖြစ် “ကိုဇော်ဌေး (ယဉ်ကျေးမှု)” ရေးသားသည့် “ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး” စာအုပ် ဖြန့်ချိ

    15-May-2025
  • ၁၀-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) e-book ထွက်ရှိ

    15-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman