ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၇ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၅၁) ၌ မိုးလေကင်းစင်သည့် ဆောင်းနံနက်ခင်းတွင် ကျန်းမာရေးအတွက် စောစောထ၍ လမ်းလျှောက်သင့်ပုံကို မျက်နှာဖုံးဇာတ်လမ်းဖြင့် နှိုးဆော်ထားပါသည်။ နှစ်မျက်နှာ ကာတွန်းဇာတ်လမ်းတွင် သတိဝီရိယဖြင့် နိုးနိုးကြားကြား နေသင့်ပုံနှင့် ပုရွက်ဆိတ်လေးတို့၏ ဇွဲလုံ့လရှိပုံတို့ကိုလည်း ကလေးများ အတုယူဖွယ် တင်ဆက်ထားပါသည်။
ထို့အပြင် မြန်မာစာစကားဝိုင်းကဏ္ဍတွင် ပေါရာဏေ၀ါဟာရများအကြောင်းကို ကလေးများ စိတ်၀င်စားဖွယ် အပြန်အလှန်ပြောဆိုပုံလေးနှင့် တင်ဆက်ထားပြီး စိတ်စေတနာပြည့်၀စွာထားပြီး မိဘကိုလုပ်ကျွေးပြုစုပါက ဘေးအန္တရာယ်မှလွတ်မြောက်ကာ ကောင်းကျိုးခံစားရပုံတို့ကို ပုံပြင်ကဏ္ဍတွင် တင်ဆက်ထားပါသည်။ ယခုတစ်ပတ်တွင် ကယားပြည်နယ်အကြောင်းကိုလည်း ဗဟုသုတရစေရန် ထူးထူးခြားခြား တင်ဆက်ထားပါသည်။
ကလေးများ အင်္ဂလိပ်စကားပြော တိုးတက်စေရန် ၀မ်းမြောက်၀မ်းသာဖြစ်သောအခါ၊ ကျေနပ်ပီတိ ဖြစ်သောအခါတို့၌ ပြောဆိုသုံးနှုန်းပုံနှင့် အခြေခံသဒ္ဒါကောင်းမွန်စေရန် 'like' ၏ အသုံးအမျိုးမျိုး တို့ကို တင်ဆက်ထားပါသည်။ ထို့အပြင် ကလေးများ အင်္ဂလိပ်စာဝေါဟာရတိုးပွားစေရန် ဖတ်မှတ် လေ့လာဝေါဟာရကမ္ဘာကဏ္ဍတွင် ကျန်းမာရေးဆိုင်ရာ စကားလုံးများဖြင့် ဝေဝေဆာဆာ ဖော်ပြ ထားရာ ကလေးများ နှစ်ခြိုက်မည်မှာ အမှန်ပင် ဖြစ်ပါသည်။
(၁၇-၁၂-၂၀၁၆) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များ တွင် ၀ယ်ယူ ရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅ဝိ/- ဖြစ်ပါသည်။