ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက (၁၂) နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၆ ခုနှစ်၊ နို၀င်ဘာလ၊ ၂၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၄၈) ၌ တိုင်းရင်းဆေးဆရာလက်သင် မောင်ရိုး၏ လူနာကိုအကဲခတ်ကုသပုံ အလွဲများအကြောင်းကို တင်ဆက်ထားသည့် မျက်နှာဖုံးဟာသဇာတ်လမ်းကို ဖတ်ရှုရမည်ဖြစ်ပါ သည်။ နောက်ပြောင်လွန်းသူနဲ့ အရွဲ့တိုက်တတ်သူတို့ကို သရုပ်ဖော်ထားသော နှစ်မျက်နှာ ဇာတ်လမ်းနှင့် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်ထားရှိသည့် ချစ်ခြင်းမေတ္တာတရားကြောင့် ငြိမ်းချမ်းသာယာသော ၀န်းကျင်များဖြစ်ထွန်းလာနိုင်ကြောင်း သရုပ်ဖော်ထားသော နှစ်မျက်နှာ ဇာတ်လမ်းကိုလည်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့အပြင် 'အတွေးနယ်ချဲ့လွန်းတဲ့ ဖိုးလပြည့်' တစ်မျက်နှာဇာတ်လမ်းကိုလည်း ကလေးများကြိုက်နှစ်သက်မည်ဟု ယူဆပါသည်။
ကလေးများဗဟုသုတကြွယ်၀စေရန်အတွက် ကမ္ဘာဦးအစ၌ ကမ္ဘာ့မြေမျက်နှာပြင်နှင့် သက်ရှိ သတ္တဝါများ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆင့်ကဲဆင့်ကဲ ပြောင်းလဲတိုးတက်လာပုံအကြောင်းကို သုတဆောင်းပါးကဏ္ဍတွင် ရေးသားတင်ဆက်ထားပါသည်။ ကလေးတို့ စာမေးပွဲအောင်မြင်စေရန် ကျားကုတ်ကျားခဲ ကြိုးစားရုန်းကန်နေသူကို စံနမူထားပြီး စာကြိုးစားတော့မည့်သူ အကြောင်းကို အတုယူစေရန် ကလေး၀တ္ထုဖြင့်ဖွဲ့နွဲ့တင်ဆက်ထားပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၌ ဖွဲ့စည်းပါ၀င်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် သာစွဌာနီ ကချင်ပြည်နယ် အကြောင်းကိုလည်း ယခုတစ်ပတ်တွင် အထူးတင်ဆက်ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ကလေးတို့ဝေါဟာရကြွယ်၀စေရန် ပြုမူဆောင်ရွက်ပုံကြိယာအချို့ကို သရုပ်ဖော်ပုံနှင့်တကွ ဖတ်ရှုလေ့လာနိုင်ပြီး အင်္ဂလိပ်စကားပြောကြွယ်၀စေရန် ''Seeking Advice" ခေါင်းစဉ်ဖြင့် အကြံဉာဏ်တောင်းဆိုပုံ၊ အကြံဉာဏ်ပေးပုံအမျိုးမျိုးကို ရွှေသွေးစကားဝိုင်းကဏ္ဍ တွင် တင်ဆက်ထားသည့်အတွက် စကားပြောလေ့ကျင့်ပြောဆိုနိုင်မည်ဖြစ်ပြီး အင်္ဂလိပ်သဒ္ဒါ ပိုင်နိုင်စေရန် "it" ကို နာမ်စားအနေနှင့်သာမက "it" ဖြင့်သာ သီးသန့်သုံးစွဲရမည့် ဝါကျ တည်ဆောက် ပုံများကိုပါ နမူနာဝါကျများ၊ လေ့ကျင့်ခန်းများဖြင့် ထည့်သွင်းတင်ဆက်ထားရာ ကလေးတို့အတွက် အင်္ဂလိပ်စာအခြေခံ ကောင်းမွန်လာမည်ဖြစ်ပါသည်။
(၂၆-၁၁-၂၀၁၆) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည် တော်(သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅ဝိ/-ဖြစ်ပါသည်။