• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
ကလေးများနှစ်သက်ဖွယ်ရာ ခံစားမှုရသပေါင်းစုံနှင့် သင်ခန်းစာများပေးစွမ်းနိုင်သော ရွှေရတုအကြို အထိမ်းအမှတ် ရွှေသွေးဂျာနယ်အထူးထုတ် (၂၀၁၈) ထွက်ရှိ

ကလေးများနှစ်သက်ဖွယ်ရာ ခံစားမှုရသပေါင်းစုံနှင့် သင်ခန်းစာများပေးစွမ်းနိုင်သော ရွှေရတုအကြို အထိမ်းအမှတ် ရွှေသွေးဂျာနယ်အထူးထုတ် (၂၀၁၈) ထွက်ရှိ

တန်ဖိုး - ၂၄၀၀ကျပ်

စာပေဗိမာန်သည် ကလေးသူငယ်များအတွက် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို (၄-၁-၁၉၆၉) ရက်မှစ၍ အပတ်စဉ် စနေနေ့တိုင်း ထုတ်လုပ်ဖြန့်ချိလျက်ရှိရာ မြန်မာနိုင်ငံကလေးစာပေလောကတွင် သက်တမ်းအရှည်ကြာဆုံး ဂျာနယ်တစ်စောင်ဖြစ်သည့်အပြင် ကလေး၊ လူကြီးအားလုံး စွဲမက်စွာ ဖတ်ရှု အားပေးသော ဂျာနယ်တစ်စောင်လည်းဖြစ်ပါသည်။ စာပေဖွံ့ဖြိုးရေးလုပ်ငန်းများကို ခေတ်အဆက်ဆက်တွင် တာ၀န်ကျေပွန်စွာ ထမ်းဆောင်လျက် ရှိသော စာပေဗိမာန်သည် ကလေးစာပေ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှု၍ အပတ်စဉ်ထုတ် ရွှေသွေးဂျာနယ်အပြင် ယခုအခါ ရွှေရတုအကြိုအထိမ်းအမှတ် ရွှေသွေးအထူးထုတ် (၂၀၁၈) ကို ထုတ်လုပ်ဖြန့်ချိလိုက်ပြီဖြစ်သည်။

ရွှေရတုအကြိုအထိမ်းအမှတ် ရွှေသွေးအထူးထုတ် (၂၀၁၈) တွင် ကဗျာ၊ ပုံပြင်၊ ၀တ္ထု၊ သုတဆောင်းပါး၊ ကာတွန်းဇာတ်လမ်းတို့ပါ၀င်ပြီး ကလေးများအတွက် သုတရသစုံလင်စွာ တင်ဆက်ထားပါသည်။ ကဗျာနှစ်သက်သူ ကလေးသူငယ်များအတွက် အကြောင်းအရာမျိုးစုံကို ရေးဖွဲ့ထားသော ကဗျာအပုဒ်ပေါင်း (၂၀) ထည့်သွင်းပေးထားပါသည်။ ထို့ထက်ပို၍ ထူးခြား ကောင်းမွန်သည်မှာ ရွှေသွေးဂျာနယ်တွင် ယခင်ကရေးဆွဲခဲ့သော ကာတွန်းဆရာကြီးဦးဘကြည်၊ ဆရာကြီးကဆ၊ ဆရာကြီးဦးသန်းြွကယ်၊ ဆရာကြီးဦးဖေသိန်းနှင့် ဆရာကြီးဦးစိန်တို့၏ မြန်မာဆန်သော ဂန္ထ၀င် လက်ရာမွန်များကို ပြန်လည်တင်ဆက်ထားခြင်းပင် ဖြစ်ပါသည်။

ဆရာကြီးဦးဘကြည်၏ 'ရေသာခိုသော်'၊ 'ကျော်ကျော်နှင့် ဇော်ဇော်'၊ 'စေတနာရှင်' စသည့် ခံစားမှုရသနှင့် သင်ခန်းစာများပေးသော ဇာတ်လမ်းကောင်း များ၊ တန်ဖိုးနည်းသော်လည်း အသုံး၀င် ဆုံးပစ္စည်းများနှင့် နှိုင်းယှဉ်ထားသည့် 'မောင်သံနှင့် မဆား' စသည့် ဆရာကြီးကဆ၏ ဇာတ်လမ်းများကိုလည်း ဖတ်ရှုကြရမည်ဖြစ်သည်။ ထို့အပြင် ဆရာကြီးသန်းကြွယ်၏ 'လယ်ယာ နှင့် ရတနာ' နှင့် 'အဖိုးထိုက်ရတနာ' ဇာတ်လမ်းတွင် လုပ်အားတန်ဖိုး၏ အရေးပါပုံနှင့် လောက၌ စည်းစိမ်ချမ်းသာ ထက်ပို၍အဖိုးတန်သောရတနာအကြောင်းကို ရေးဖွဲ့ထားပါသည်။ 'မာနစိတ်တို ဦးကုက္ကို' နှင့် 'သစ်ခုတ်သမား' ဇာတ်လမ်းတို့တွင် မာန်မာနကြီးလွန်းပါက ပျက်စီးရပုံကို သရုပ်ဖော် ထားပြီး လူတို့တွင် တတ်မြောက်အပ်သော ပညာရပ်အသီးသီးသည် သူ့နေရာနှင့်သူ အသုံးကျသည် ချည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ တစ်ဖန် သူတစ်ပါးအတွက် အကျိုးရှိအောင် ဆောင်ရွက်နိုင် သူသာ အဖိုးတန်ကြောင်းကို 'တကယ့်တန်ဖိုး' တွင် ဖတ်ရှုနိုင်ပါသည်။ ဆရာကြီးဦးစိန်၏ 'ဘ၀အသိ' နှင့် 'စုစည်းခြင်းဆီသို့' ဇာတ်လမ်းများတွင် လူ့စရိုက်လူ့သဘာ၀ကို ကွက်ကွက် ကွင်းကွင်း တင်ပြထားပါသည်။ ဆရာကြီးဦးဖေသိန်း၏ 'တာ၀န်ကိုယ်စီရှိကြသည်' တွင် ဖေးမကူညီခြင်းဖြင့် သာယာသော၀န်းကျင်ဖန်တီးပုံကို သရုပ်ဖော်ထားပြီး မည်သည့်အရာကိုမဆို တကယ်တတ်မြောက် တတ်ကျွမ်းမှသာ အကျိုးရှိကြောင်းကို 'ထင်တစ်လုံး' ဇာတ်လမ်းဖြင့် သရုပ်ဖော်ထားပါသည်။

ထိုကဲ့သို့ နာမည်ကျော်ဆရာကြီးများ၏ လက်ရာဟောင်းများထဲမှ လက်ရာကောင်းများကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်မည့်အပြင် ယနေ့ခေတ် နာမည်ကျော်ကာတွန်းဆရာကြီးများ၏ လက်ရာများကိုလည်း ရှုစားကြရမည့် ရွှေရတုအကြိုအထိမ်းအမှတ် ရွှေသွေးအထူးထုတ် (၂၀၁၈) ကို တန်ဖိုး ၂၄၀၀ ကျပ်ဖြင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ စာပေဗိမာန် အရောင်းဆိုင်များတွင် ၀ယ်ယူဖတ်ရှုနိုင်ပြီဖြစ်ပါသည်။ လက်ကား မှာယူဖြန့်ချိလိုပါက ရန်ကုန်မြို့ရှိ စာပေဗိမာန် အရောင်းဌာန၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်၊ ဖုန်း-၀၁၂၄၉၀၃၁၊ ၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • ရွှေသွေး
  • ပုံနှိပ်ရေး
  • စာမူများ
  • အခမ်းအနားများ
  • စာပေရေချမ်းစင်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာအုပ်များ
  • သုတပဒေသာစာစောင်
  • အရောင်းဌာန
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman