• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၄-၃- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၁) ထွက်ရှိ

၁၄-၃- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၁) ထွက်ရှိ

တန်ဖိုး - 400ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၈)၊ အမှတ်(၁၁) တွင်  ¬¬¬¬¬¬ အမှားကို မှားမှန်းသိပြီး ပြင်သည့် ဖြိုးရဲနှင့် အမှားကို မှားမှန်း မသိဘဲ အချောင်ခိုသည့် ညီမငယ် ခင်ခင်သန့်တို့အကြောင်းကို သရုပ်ဖော်ထားသည့် “အမှားကိုပြင် ဆင်ခြင်ပါ” မျက်နှာဖုံးကာတွန်း၊ မာန်မာနကြီးသည့် သစ်ပင်ကြီးကို သစ်ခုတ်သမားများက ခုတ်လှဲ လိုက်သည့်အကြောင်းကို သရုပ်ဖော်ထားသည့် “မာနသစ်ပင်” နှစ်မျက်နှာကာတွန်း၊ ထူးထူးမှာ “ငါးမမျှားရ” နေရာတွင် ငါးမျှားမိသည့်အတွက် မိကျောင်းနှင့်တွေ့ကာ ထွက်ပြေးရသည်ကို သရုပ်ဖော် ထားသည့် “ထူးထူးပါဝင်သော ငါးမျှားမယ်” တစ်မျက်နှာကာတွန်း၊ ဖိုးဇော်က အိမ်တစ်အိမ်တွင် ပြတင်းပေါက်များ ဖောက်ထားရသည့် ရည်ရွယ်ချက်ကို သူငယ်ချင်းများကို ရှင်းပြထားပုံကို သရုပ်ဖော် ထားသည့်  “ပြတင်းပေါက်” နှစ်မျက်နှာကာတွန်း၊ ဦးဇီးကွက်၏ ဆုံးမပေးမှုကြောင့် ကြွားဝါတတ်သည့် ရွှေဂဲလေးသည် သူ၏အကျင့်ကိုပြင်၍ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာ ဆော့ကစားသည့်အကြောင်း ကို သရုပ်ဖော်ထားသည့် “ကြက်တူရွေး ငကြွား” နှစ်မျက်နှာကာတွန်းနှင့် သူ၏ ခေါင်းပေါ်သို့ မာလကာသီး ကြွေကျသည်ကို ခဲဖြင့် ပေါက်သည်ထင်ကာ မဆင်မခြင် ဒေါသဖြစ်သွားသည် ပိုင်ပိုင်လေး အကြောင်းကို သရုပ်ဖော်ထားသည့် “ဒေါသစိတ်လေး” မျက်နှာဝက်ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

လအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “လမင်းကြီး” သုတဆောင်းပါး ကဏ္ဍ၊ သူငယ်ချင်းများကို ဒေါသ၏ ပူလောင်မှုနှင့် မေတ္တာ၏ အေးချမ်းမှုအကြောင်း ပြည့်စုံသာက ရှင်းပြထားသည်ကို ရေးသားထားသည့် “မေတ္တာသည်သာ အေးမြရာ၏” ဝတ္ထုကဏ္ဍ၊ ကလေးငယ် များသည် မိဘဆရာသမားများ၏ သွန်သင်ဆုံးမမှုကို လိုက်နာကျင့်သုံး၍  အသိပညာများ၊ အတတ် ပညာများ ပြည့်စုံကာ လိုရာပန်းတိုင်ကို ရောက်ရှိနိုင်မည့်အကြောင်း ရေးသားထားသည့် “မိဘဆရာ ရိုသေပါ” ပုံပြင်ကဏ္ဍနှင့် ကျောင်းပိတ်ရက်တွင် မိဘကို တတ်နိုင်သမျှ ကူညီပေးတတ်သည့် ကလေးငယ်အကြောင်းကို သီကုံးရေးစပ်ထားသည့် “ကျောင်းပိတ်ရက်” ကဗျာကဏ္ဍတို့ကို တင်ဆက် ထားပါသည်။

အင်္ဂလိပ်စကားပြောဆိုရာတွင် သဘာဝကျနစွာ ပြောဆိုလေ့လာနိုင်မည့် “အခြေခံ လိုအပ်သည့် အီဒီယမ်” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ချစ်ပန်းမှုံ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပြည်သူ့လက်စွဲစာစဉ်
  • ပုံနှိပ်ရေး
  • အရောင်းဌာန
  • စာကြည့်တိုက်
  • ရွှေသွေး
  • သုတပဒေသာစာစောင်
  • စာအုပ်များ
  • အခမ်းအနားများ
  • စာပေဗိမာန်
  • စာမူများ
books
  • ၂၀၂၆ ခုနှစ်၊ မတ်လအတွက် အသင်းပေးစာအုပ်အဖြစ် “ညိမ်းညို ရေးသားသည့် “မခန်းသောမြစ်နှင့် အခြားဝတ္ထုတိုများ” စာအုပ် ဖြန့်ချိ

    31-Mar-2026
  • ၂၈- ၃- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၃) e-book ထွက်ရှိ

    31-Mar-2026
  • ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် ထုတ် အတွဲ (၇၉)၊ အမှတ် (၁၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    30-Mar-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman