• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၄ - ၉ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၇) ထွက်ရှိ

၁၄ - ၉ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၇) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၃၇)၌ အုန်းပင်တစ်ပင်၏ လူသားများအတွက် အသုံးဝင်ပုံနှင့် အကျိုးပြုပုံအကြောင်း ကို   သရုပ်ဖော်ထားသည့် “ကျွန်တော့်ကို ဆံပင်ညှပ်ပေးပါ” မျက်နှာဖုံးဇာတ်လမ်း၊ ယုန်ငမိုး၏ ခွင့်လွှတ်မှု ဖြင့် ကောက်ကျစ်သော မြေခွေးငဒိုးကို အနိုင်ယူခဲ့ပုံအကြောင်း သရုပ်ဖော်ထားသည့် “ရိုးသားသူ” နှစ်မျက်နှာကာတွန်း၊ ကတ်သီးကတ်သတ် ပြောတတ်သော မိချောအကြောင်းကို သရုပ်ဖော်ထားသည့် “ငရဲပြည်” တစ်မျက်နှာကာတွန်း၊ ရွှေသွေးတို့အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးစားအားထုတ်ကာ ကာတွန်းရေးဆွဲမည့် ဦးဇက်တီအကြောင်း  သရုပ်ဖော်ထားသည့် “ရွှေသွေးတို့ရဲ့ ကမ္ဘာ” နှစ်မျက်နှာ ကာတွန်း၊ မိဆုတို့ သူငယ်ချင်းများသည် ကိုယ်စီတတ်ထားသော ကိုယ်ခံပညာများဖြင့် လူဆိုးများကို ခုခံကာကွယ်ကြသည့်အကြောင်း သရုပ်ဖော်ထားသည့် “ကျားတော့ ကျား” နှစ်မျက်နှာကာတွန်းနှင့် ဖုန်းထဲတွင် ခေတ်နှင့်အညီ ရေးသားထားသည်များကို မိဆုနှင့် ပေါ်ဝိုင်းတို့ ပြောဆိုသည့်အကြောင်း သရုပ် ဖော်ထားသည့် “ခဏမေ့သွားတာပါ” မျက်နှာဝက်ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

မြန်မာဆိုရိုးစကားများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “အရိုးကို အရွက်မဖုံး စေနှင့်” သုတကဏ္ဍ၊ အဘွားပေးသော လက်စွပ်၏ အစွမ်းကြောင့်မဟုတ်ဘဲ သူမ၏ ပင်ကိုစွမ်းရည်ဖြင့် သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုရခဲ့သူ သော်တာလေးအကြောင်း ရေးသားထားသည့် “မှော်လက်စွပ်” ပုံပြင် ကဏ္ဍ၊ သူလိုချင်တာမရ၍ မိဘများအပေါ် စိတ်ဆိုးမိသည့် ထွန်းတောက်အကြောင်း ရေးသားထားသည့် “ကျေးဇူးပါ”  ဝတ္ထုကဏ္ဍ၊ ဖြိုးရဲတို့သူငယ်ချင်းသုံးယောက်ထဲမှ မည်သူက ဘောလုံးဆီ အရင်ရောက်မလဲ ဆိုတာကို ကူပြီးအဖြေရှာပေးစေလိုသည့် “ဉာဏ်စမ်း” ကဏ္ဍ၊အင်္ဂလိပ်စာကဏ္ဍအနေနှင့် လေ့ကျင့်မှုများ ပြုလုပ်နိုင်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဥပမာဝါကျများ လေ့လာနိုင်မည့် “အသုံးဝင်သည့် နေ့စဉ်သုံး အထူး စကား အသုံးအနှုန်းများ” အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍ၊ သစ်ပင်များ၏ ကျေးဇူးကြီးမားပုံနှင့် သစ်တော သစ်ပင်များကို စိုက်ပျိုး၍ ထိန်းသိမ်းသင့်ကြောင်း ‌ရေးဖွဲ့ထားသည့် “သစ်တောသစ်ပင် ကျေးဇူးရှင်” ကဗျာ ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
  • စာကြည့်တိုက်
  • ပုံနှိပ်ရေး
  • စာအုပ်များ
  • သုတပဒေသာစာစောင်
  • စာပေရေချမ်းစင်
  • ပြိုင်ပွဲများ
  • စာမူများ
  • ရွှေသွေး
books
  • ၁၇-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၀)ထွက်ရှိ

    16-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလအတွက် အသင်းပေးစာအုပ်အဖြစ် “ကိုဇော်ဌေး (ယဉ်ကျေးမှု)” ရေးသားသည့် “ဆို၊ က၊ ရေး၊ တီး ရိုးရာခရီး” စာအုပ် ဖြန့်ချိ

    15-May-2025
  • ၁၀-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) e-book ထွက်ရှိ

    15-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman