• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၈ - ၇ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၇) ထွက်ရှိ

၈ - ၇ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၇) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၅)၊ အမှတ်(၂၇)၌ မျိုးစေ့များစိုက်ပျိုးရန် သူတစ်ပါး၏ အကူအညီ မရရှိ၍ မိမိတို့ မိသားစုဝင်များ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စိုက်ပျိုးခဲ့ရာမှ အောင်မြင်ဖြစ်ထွန်းသော ပြောင်းဖူးများ ရရှိလာပုံကို ရေးဖွဲ့ထားသည့် “ကိုယ်ထူကိုယ်ထ” မျက်နှာဖုံးကာတွန်း၊ ဉာဏ် အမြော်အမြင်ကြီးမားသော ခေါင်းဆောင်ဖားကြီး၏ သတိပေးစကားကို နားမထောင်ဘဲ မိမိနှင့် စရိုက် မတူသူကို အပေါင်းအသင်းလုပ်မိ၍ ဒုက္ခနှင့်တွေ့ကြုံခဲ့ရသော ဖားလေးအကြောင်းကို တင်ဆက် ထားသည့် “အပေါင်းအသင်း” နှစ်မျက်နှာကာတွန်း၊ သံတမန်တစ်ဦး၏ မေးခွန်းများကို ယုတ္တိရှိရှိဖြင့် ပညာဉာဏ်သုံးကာ ပြန်လည်ဖြေကြားခဲ့သော ပညာရှိလေးမောင်ဉာဏအကြောင်းကို  တင်ဆက် ထားသည့်“မောင်ဉာဏနဲ့ မေးခွန်းသုံးခွန်း” သူတစ်ပါးကို အနိုင်ကျင့်ကာ ပေါက်စီလုစားတတ်သော ဗိုက်ပူကို နောင်လုမစားရဲတော့အောင် ပညာပေးဆုံးမခဲ့သည့် ချက်စူအကြောင်းကို ရေးဖွဲ့ထားသည့် “ချက်စူနဲ့ ဗိုက်ပူ” နှစ်မျက်နှာကာတွန်း၊ အမှိုက်ထုပ်ကိုဖောက်ကာ လမ်းတွင်အမှိုက်များကျအောင် ပြုလုပ်သည့် ဖိုးတစ်တိုကို သူ၏ အမေက ဆုံးမထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်း၊ ဖိုးလပြည့်က သူ၏ အန်တီအကြောင်းကို သူ့သူငယ်ချင်းနှင့် တွေ့ဆုံရာ၌ ပြောဖြစ်ကြပုံအကြောင်း ရေးဖွဲ့ထားသည့် ကာတွန်းမောင်တင်ယု၏ ¬¬“ဖိုးလပြည့်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထား ပါသည်။

ကလေးများအတွက် ငွေကြေးဆိုင်ရာ အကြောင်းအရာများနှင့် ငွေကြေး၏ အသုံးဝင်ပုံတို့ကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “ကစ်ဒီနောမစ်” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ရိုးသားဖြောင့်မတ်သော စိတ်ထားရှိ၍ သူဌေး၏ယုံကြည်စိတ်ချမှုကို ရရှိသွားသည့် မောင်ပညာ အကြောင်းကို ရေးဖွဲ့ထားသည့် “ ရိုးသားမှု၏တန်ဖိုး” ပုံပြင်နှင့် ကျောင်းသားကျောင်းသူများ အနေဖြင့် စာသင်ရာ၌ နေရာထိုင်ခုံ ရှေ့နောက်ဖြစ်ခြင်းသည် စာတော်ခြင်း၊ စာညံ့ခြင်းနှင့် မသက်ဆိုင်ဘဲ ကြိုးစားမှုနှင့်သာ သက်ဆိုင်ကြောင်း ရေးဖွဲ့ထားသည့် “ကြိုးစားအားထုတ်မှုသာ အဓိက” ဝတ္ထုတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ပေးထားသော ရုပ်ပုံကို မိမိတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်း၊ ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့်  ကလေးများအား တောရွာများတွင် နံနက်စောစော၌ ပြုကျင့်လေ့ရှိသော ချစ်စရာဓလေ့များကို လေ့လာနိုင်စေရန် ဗဟုသုတရဖွယ် ရေးဖွဲ့တင်ဆက်ထားသည့် “နံနက်ချိန်ခါ တို့ကျေးရွာ” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေနဲ့ လှုပ်ရှားမှု၊ ရွေ့လျားမှု၊ ဦးတည်မှုကို ပြဆိုသည့် Preposition များကို လေ့ကျင့်ခန်းများနှင့်တကွ လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
‘ရောင်နီသန်းချိန် ပန်းပွင့်ချိန်’
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ရွှေသွေး
  • စာမူများ
  • ပုံနှိပ်ရေး
  • စာကြည့်တိုက်
  • စာပေရေချမ်းစင်
  • အရောင်းဌာန
  • သုတပဒေသာစာစောင်
  • ပြည်သူ့လက်စွဲစာစဉ်
  • ပြိုင်ပွဲများ
  • စာအုပ်များ
books
  • ¬၁၀ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) ထွက်ရှိ

    09-May-2025
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    05-May-2025
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ ညိမ်းညို၏ ‘စာမျက်နှာတချို့’ စာအုပ်ကို ဖြန့်ချိ

    05-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman