ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၂၆) ၌ 'တိုးကြွယ်နှင့် ဖိုးလည်ပါ၀င်သော စေတနာအကျိုးပေး'မျက်နှာဖုံး ဇာတ်လမ်း၊ အံ့သြစေအောင် လုပ်နိုင်သူ နှစ်မျက်နှာဇာတ်လမ်း၊ အတတ်ဆန်းသော ကိုခန့်နှင့် အိမ်မြှောင် နှစ်မျက်နှာဇာတ်လမ်းများနှင့် နောက်ကျနေကြောင်း တွင်တွင်ပြောသည့် ဆရာ၀န် တစ်မျက်နှာဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
ရွှေသွေးသုတကဏ္ဍတွင် ကမ္ဘာပေါ်ရှိ အထင်ကရ အမျိုးသားဥယျာဉ်များနှင့် မြန်မာနိုင်ငံရှိ လှော်ကားသဘာ၀ဥယျာဉ်အကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှု ရမည်ဖြစ်ပြီး ကျောင်းသားလူငယ် လေးများ၏ ပင်ကိုအသိစိတ်ဖြင့် စုပေါင်းလုပ်ဆောင်နိုင်ခဲ့သည့် ကတုတ်ရိုက်ထားသော မြေသား လမ်းလေးအကြောင်း ကို ကလေး၀တ္ထုကဏ္ဍတွင် တင်ဆက်ထားပါသည်။ ထို့အပြင် ဇူလိုင်လ အတွင်း ကျရောက်သော ထင်ရှားသည့် နေ့များအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် အပြင် ဒိုင်နိုဆောနှင့် မုဆိုးလေးများပုံကိုလည်း ဆေးရောင်လှလှခြယ်သနိုင်မည် ဖြစ်ပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ကလေးတို့ အရည်အချင်း တိုးတက်စေရန် ပြုမူဆောင်ရွက်ပုံ ကြိယာ အချို့ကို သရုပ်ဖော်ပုံနှင့်တကွ ဝါကျဖွဲ့ပြထားပြီး ရွှေသွေး စကား၀ိုင်းကဏ္ဍတွင်မူ တစ်စုံ တစ်ယောက်အား ချက်ချင်းထွက်သွားရန် ပြောဆိုပုံ၊ ကိစ္စတစ်ခုသည် ကိုယ်ရေးကိုယ်တာဖြစ်၍ မစပ်စုရန်၊ ကိုယ့်အလုပ် ကိုယ်လုပ်ရန် ပြောဆိုပုံတို့ကို ''Telling someone to go away and other expressions" ခေါင်းစဉ်ဖြင့် တင်ဆက်ထားပါသည်။ သဒ္ဒါတတ်မှ စာတတ်မည် ဟူသည့်အတိုင်း ကလေးတို့ အခြေခံအင်္ဂလိပ်သဒ္ဒါ ပိုင်နိုင်စေရန် ယခုတစ်ပတ်တွင် "So" ၏ အသုံးအနှုန်း နှင့်သဒ္ဒါစည်းမျဉ်းဆိုင်ရာ တည်ဆောက်ပုံတို့ကို နမူနာဝါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် တင်ဆက်ထားရာ ကလေးတို့ နှစ်သက်မည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။