• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၁-၃-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၀)ထွက်ရှိ

၁၁-၃-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၀)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၀)၌ တန်ဖိုးကြီးပစ္စည်းများထက် မေတ္တာကိုသာ လိုအပ်သည်ဆိုသော ပုပုအကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင်သည့် မေတ္တာ” မျက်နှာဖုံးကာတွန်း၊ သဘာဝ တရားကြီးက အပင်များကို သူ့အပင်နှင့် သူ့အသီး လိုက်လျောညီထွေဖြစ်စေရန် ဖန်တီးပေး ထားခြင်းဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “တော်ပါသေးရဲ့ဗျာ” နှစ်မျက်နှာကာတွန်း၊ မိမိ၏ မုန့်ဝေစုများကို ညီဖြစ်သူက အမြဲတမ်းယူစားသော ကြောင့် ကြံရာမရဖြစ်နေသော ဖိုးထူးအကြောင်း ရေးဖွဲ့ထားသည့် “ဖိုးထူး” နှစ်မျက်နှာကာတွန်း၊ ‌ရေသောက်ချင်ဇောဖြင့် မစဉ်းစားမဆင်ခြင်ဘဲ ရေကန်ထဲသို့ ဆင်းခဲ့မိသော ဆိတ်သည် နောက်ဆုံးတွင် ကန်ပေါင်ပေါ်သို့ ပြန်မတက်နိုင်သည့် ဒုက္ခနှင့် ရင်ဆိုင်ရပုံအကြောင်း ရေးဖွဲ့ထားသည့် “အရင်စဉ်းစားပါ” နှစ်မျက်နှာကာတွန်း၊ ကိုယ်လက်ကြံ့ခိုင် ကျန်းမာစေရန် ဘောလုံးကစားရာမှ ဘောလုံးထိမှန်ခံရသော ပေတိုးအကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ပေတိုး၊ ဖိုးတုတ်-ကျန်းမာရေး” တစ်မျက်နှာ ကာတွန်းနှင့် ဆင်၊ မျောက်နှင့်ခါ တိရစ္ဆာန်သုံးကောင်ထဲတွင် အရင်ဆုံးမွေးသော တိရစ္ဆာန်က အသက် အကြီးဆုံးဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “အာတူးနှင့် လိပ်ပု” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက် ထားပါသည်။

သုတကဏ္ဍအနေဖြင့် လူသားတို့အတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေသည့် ဘီးတပ်ယာဉ်များ၏ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာခဲ့မှုများအကြောင်း ဗဟုသုဖြစ်ဖွယ် ဖတ်ရှုနိုင်မည်ဖြစ်သည်။ ပုံပြင်ကဏ္ဍတွင် သူဆင်းရဲမသည် သူ၏ပညာသားပါပါ လျှောက်တင်စကားများကြောင့် သူ၏ခင်ပွန်း၊ သားနှင့် မောင် သုံးဦးစလုံးကို ဘုရင်ကြီးထံမှ ပြန်ရယူနိုင်ခဲ့သည့်ပြင် ဆုတော်ငွေများကိုပါ ချီးမြှင့်ခံခဲ့ရကြောင်း တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် သောက်ရေ အိုးခံခွက်တွင် ရေများတဖြည်းဖြည်း ပြည့်လာသည်ကို ပမာပြု၍ စာများကိုလည်း နည်းနည်းစီရအောင် တဖြည်းဖြည်းကျက်မှတ်သွားပါက အားလုံး ရနိုင်ကြောင်း အတွေးသစ် တစ်ခုရကာ စာကြိုးစားခဲ့ရာက လပတ်စာမေးပွဲကို အခက်ခဲမရှိ ဖြေဆိုနိုင်ခဲ့သော ကျောင်းသားလေး တစ်ယောက်အကြောင်း  ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင်  ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်း ကဏ္ဍနှင့် ကမ္ဘာမြေကြီး အမြဲစိမ်းလန်းသာယာနေစေရန် ပန်းမန်သစ်ပင်များကို စိုက်ပျိုး တတ်ရမည်ဖြစ် ကြောင်း ရေးဖွဲ့ထားသည့် ဆရာမြစိုးသန်း (ရွှေပြည်သာ)၏ “ထိန်းသိမ်းကြစို့”  ကဗျာကဏ္ဍတို့ကို လည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ကျောင်းသားတစ်ဦးသည် တက္ကသိုလ်က ပါမောက္ခ‌နှင့် တွေ့ဆုံနိုင်ရန်ပြောဆို ဆွေးနွေးပုံအကြောင်းကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောထားသည့် သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာနိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁ ၈၁၄၄၈၊ ၁-၂၄၉၀၃၁သို့ ဆက်သွယ်မှာယူနိုင်ပါသည်။                                                                                                   

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေရေချမ်းစင်
  • စာအုပ်များ
  • အခမ်းအနားများ
  • စာပေဗိမာန်
  • စာကြည့်တိုက်
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
  • ရွှေသွေး
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman