• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၆-၆- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၃) ထွက်ရှိ

၆-၆- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၃) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၈)၊ အမှတ်(၂၃) တွင်  အေအိုင်ပြောသော ကိုယ်ကိုယ်တိုင်ဆိုသော စကား၏ အဓိပ္ပာယ် ကို နားလည်သွားသည့် ပုပုအကြောင်းကို သရုပ်ဖော်ထားသည့် “ကျွန်တော်နှင့် အေအိုင်” မျက်နှာဖုံး ကာတွန်း၊ သူတစ်ပါးကို ကူညီပေးတတ်သော မြဂျိုးနှင့် ကူညီပေးရမည်ကို ကြောက်သော ဟိန်းစည်တို့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို သရုပ်ဖော်ထားသည့် “မြဂျိုးနဲ့ အခမဲ့ကူညီခြင်းရဲ အကျိုး” နှစ်မျက်နှာကာတွန်း၊ စပိုက်ဒါမန်း ဖြစ်ချင်သော ညီပုကို ခွေးက လိုက်ကိုက်သောကြောင့် ပြေးခဲ့ရသည် ကို သရုပ်ဖော်ထားသည့် “ညီပု” တစ်မျက်နှာကာတွန်း၊ သူငယ်ချင်းနှစ်ယောက်ပြောသည့် ခြင်အန္တရာယ် နှင့် ပတ်သက်သည့်အကြောင်းကို ကြား၍ စည်းကမ်းရှိသွားသည့် ကိုထက်အကြောင်း သရုပ်ဖော်ထား သည့်  “ခြင် အန္တရာယ်” နှစ်မျက်နှာကာတွန်း၊ သူ့ဖခင်၏ ရှင်းပြပေးမှုကြောင့် သူငယ်ချင်းများက မှန်ကြောင်၊ စာကြမ်းပိုးဟုခေါ်လည်း မရှက်တော့သည့် ထူးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “စာကြမ်းပိုးလေး” နှစ်မျက်နှာကာတွန်းနှင့် မြဂျိုးလိုက်ပြသည့် ငါးအကြီးကြီးရှိသောနေရာကို တွေ့၍ အံ့ဩသွားသည့် ကောင်းထက်နှင့် ဟိန်းစည်တို့အကြောင်း သရုပ်ဖော်ထားသည့် “မြဂျိုးနှင့် ငါးမျှား သူများ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကလေးတို့အနေနှင့် လေတိုက်ခြင်းအကြောင်းနှင့် ပတ်သက်၍ ဗဟုသုတရရှိစေရန် ရေးသားထားသည့် “လေတိုက်ခတ်ခြင်း” သုတဆောင်းပါးကဏ္ဍ၊ ကလေးတို့စိတ်ကြိုက် အရောင်လေး များ ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍ၊ ကျော်ဦး ရှင်းပြသွားသည့် ‘ပညာသည် သာ မျှော်လင့်ခြင်း အလင်းရောင်’ ဆိုသည်နှင့် ပတ်သက်၍ ထွန်းတောက်နှင့် ကျော်အောင်တို့လည်း သူတို့ဘဝအတွက် ပညာသည်သာ အရေးကြီးသည့်အကြောင်းကို ရေးသားထားသော “ကျေးဇူးတင် တယ် သူငယ်ချင်း” ဝတ္ထုကဏ္ဍ၊ ကလေးတို့အနေနှင့် မောင်ညိုလေးကို အတုယူပြီး စာကို ကြိုးစားကြ ရန်နှင့် သူတစ်ပါးကို အထင်မသေးရန် ရေးသားထားသည့် “မောင်ညိုလေးကို အတုယူပါ့မယ်” ပုံပြင် ကဏ္ဍနှင့် ကျောင်းများ ပြန်ဖွင့်သည့် ဇွန်လတွင် မိုးနှင့်အတူ ဇွန်ပန်းများ ဖွေးနေအောင်ပွင့်ပုံ၊ ကျောင်းသားများ အဖြူနှင့် အစိမ်း တူညီဝတ်စုံ ဝတ်ဆင်၍ ကျောင်းတက်ကြပုံအကြောင်း ရေးဖွဲ့ထားသည့် “ဖြူစိမ်းတူညီ ကျောင်းတော်သား”  ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စကားပြောဆိုရာတွင် သဘာဝကျနစွာ ပြောဆိုလေ့လာနိုင်မည့် “အခြေခံလိုအပ်သည့် အီဒီ ယမ်” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“အတွေ့အကြုံအဖုံဖုံ၊ စစ်မြေပြင်ဆေးမှူးဘဝ မှတ်တမ်းစုံ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပုံနှိပ်ရေး
  • ပြိုင်ပွဲများ
  • ရွှေသွေး
  • အရောင်းဌာန
  • စာပေဗိမာန်
  • အခမ်းအနားများ
  • သုတပဒေသာစာစောင်
  • စာအုပ်များ
  • စာကြည့်တိုက်
  • စာမူများ
books
  • ၂၀- ၆- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၅) e-book ထွက်ရှိ

    22-Jun-2026
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၆ ခုနှစ်၊ ဇွန်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    22-Jun-2026
  • ၂၀- ၆- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၅)ထွက်ရှိ

    19-Jun-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman