• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
­၂၁ - ၃ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၂) ထွက်ရှိ

­၂၁ - ၃ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၂) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ်(၁၂)၌ မိမိကိုယ်မိမိ ဉာဏ်ကောင်းသည်ဟု ဘဝမြင့်ကာ ပုံမှန် စာမကျက်ဘဲနေခဲ့ရာမှ လပတ် စာမေးပွဲတွင် သုံးဘာသာ ကျရှုံးခဲ့၍ နောင်တရခဲ့သော ချက်စူအကြောင်းကို သရုပ်ဖော်ထားသည့် “ချက်စူ ပါဝင်သော စာမှန်မှန်ကျက် စာမခက်” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးအပေါ် မေတ္တာစေတနာထားပါက မိမိတွင်လည်း ကောင်းကျိုးများ ပြန်လည်ခံစားရနိုင်ပုံကို သရုပ်ဖော်ထားသည့် “မေတ္တာမုန့်ပေါင်း” နှစ်မျက်နှာကာတွန်း၊ လူကြီးများ ပြောဆိုသည့် စကားကို သေသေချာချာ ဂရုစိုက်နားမထောင်ဘဲ ပေါ့ပေါ့ ဆဆနေခဲ့မိသောကြောင့် စာအုပ်များ မီးလောင်ခံခဲ့ရသော မြဂျိုးအကြောင်းကို သရုပ်ဖော်ထားသည့် “မြဂျိုး ပါဝင်သော သုံးတတ်လျှင် မိတ်ဆွေ မသုံးတတ်က ရန်သူ” နှစ်မျက်နှာကာတွန်း၊  မိမိ၏ ဇာတိ ဖြစ်သော ချောင်းလေးမှ မြစ်ကြီးဆီသို့ ပြောင်းရွှေ့ခဲ့ရာမှ ဒုက္ခရောက်ခဲ့ရသော ဗျိုင်းအကြောင်းကို သရုပ်ဖော်ထားသည့်  “ဇာတိမြေ” နှစ်မျက်နှာကာတွန်း၊ ဖြတ်ထိုးဉာဏ်ကောင်းသော ချက်ပုအကြောင်းကို သရုပ်ဖော်ထားသည့် “ချက်ပု - ကွက်တိရွှေ့ပြမယ်” တစ်မျက်နှာကာတွန်းနှင့် သင်္ချာမေးခွန်းတွင် ၈ ပုဒ် ပေးထားရာမှ မိမိကြိုက်နှစ်သက်ရာ ၅ ပုဒ် ဖြေဆိုရန် ပေးထားသော်လည်း မိမိကြိုက်နှစ်သက်သည့် အပုဒ်များ မပါ၍ မဖြေခဲ့သော ပုပုအကြောင်းကို ဟာသဖြစ်ဖွယ်သရုပ်ဖော်ထားသည့် “ပုပု ပါဝင်သည့် မကြိုက်လို့”  မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတဆောင်းပါးကဏ္ဍတွင် ခြင်ပိုကိုက်ခံရနိုင်သော အကြောင်းအရာများကို သိရှိရှောင်ရှားနိုင်စေ ရန် ရေးသားထားသည့် “ဘာကြောင့် ခြင်တွေ ပိုကိုက်တာလဲ” သုတဆောင်းပါး ပါဝင်ပြီး မိမိထက် အသက်အရွယ်ကြီးသူကို ကိုယ်ချင်းစာတရားထားရှိကာ လေးလေးစားစား ဆက်ဆံခဲ့မှုနှင့် သတိဝီရိယ ရှိမှုတို့ကြောင့် ဆင်းရဲသားဘဝမှ သူဌေးတစ်ဦး ဖြစ်သွားသော လုလင်ပျိုလေးအကြောင်းကို ရေးသားထား သည့် “လုလင်နဲ့ ရိုးသားကြိုးစားမှု ဆုလာဘ်” ပုံပြင်နှင့် လမ်းသွားလမ်းလာ လူအများ အရိပ်ခိုနားနိုင်စေ ရန် ဗာဒံပင်ရိပ်၌ ခုံတန်းလေးများ လုပ်ပေးခဲ့သော အောင်ကိုတို့ သူငယ်ချင်းသုံးယောက်အကြောင်းကို ရေးသားထားသည့် “သစ်တစ်ပင်၏ တန်ဖိုး” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ ကိုယ်တိုင် ရေးဆွဲ ထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးများ အင်္ဂလိပ်စာဝေါဟာရတိုးပွားစေရန် ear ၏ ရှေ့တွင် စာလုံးတစ်လုံးစီ ထည့်၍ နာမ်၊ နာမဝိသေသန၊ ကြိယာ၊ ဝိဘတ်များဖြစ်အောင် ရေးသားနိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် နွေရာသီတပေါင်းလတွင် ဖက်ဆစ် ဂျပန်တို့အား တိုက်ထုတ်ခဲ့ပုံကို သီကုံးရေးဖွဲ့ထားသည့် “တော်လှန်ရေး အောင်ပွဲ”ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ညစာအတွက် မည်သူချက်ရမည်ဆိုသည်ကို အပြန်အလှန်ပြောဆိုပုံအမျိုးမျိုး ဖြင့် လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။    

     

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ချစ်ပန်းမှုံ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပြည်သူ့လက်စွဲစာစဉ်
  • ပုံနှိပ်ရေး
  • အရောင်းဌာန
  • စာကြည့်တိုက်
  • ရွှေသွေး
  • သုတပဒေသာစာစောင်
  • စာအုပ်များ
  • အခမ်းအနားများ
  • စာပေဗိမာန်
  • စာမူများ
books
  • ၂၀၂၆ ခုနှစ်၊ မတ်လအတွက် အသင်းပေးစာအုပ်အဖြစ် “ညိမ်းညို ရေးသားသည့် “မခန်းသောမြစ်နှင့် အခြားဝတ္ထုတိုများ” စာအုပ် ဖြန့်ချိ

    31-Mar-2026
  • ၂၈- ၃- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၃) e-book ထွက်ရှိ

    31-Mar-2026
  • ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် ထုတ် အတွဲ (၇၉)၊ အမှတ် (၁၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    30-Mar-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman