• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၇ - ၁၀ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၄၂) ထွက်ရှိ

၁၇ - ၁၀ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၄၂) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ်(၄၂)၌ ကျောင်းပိတ်ရက်တွင် မဟာမြိုင်ဘေးမဲ့တော၌ ပန်းချီဆွဲနေရာမှ ဆိတ်လိုက်၍ ပြေးခဲ့ရသော ပလာတူးအကြောင်းကို သရုပ်ဖော်ထားသည့် “အပြေးဝိဇ္ဇာ” မျက်နှာဖုံးကာတွန်း၊ အပျင်းကြီးလွန်း၍ အိပ်မက်ထဲတွင် နတ်ဆိုးမည်းကြီး၏ ဆုံးမခြင်းကို ခံခဲ့ရသော ကျောက်ပုအကြောင်းကို သရုပ်ဖော်ထားသည့် “ရည်ရွယ်ချက်” နှစ်မျက်နှာကာတွန်း၊ အချင်းချင်း ဒေါသ၊ မောဟနှင့် ကြွားဝါမှုများ များပြားလာပါက ပျက်စီးမှုများသာ ကြုံတွေ့ရနိုင်ပုံကို သရုပ်ဖော်ထားသည့် “ပြိုင်ဆိုင်ခြင်း” နှစ်မျက်နှာကာတွန်း၊ ကျားနှင့် ဆင်တို့ သူငယ်ချင်းအချင်းချင်း တစ်ကောင်နှင့် တစ်ကောင် အထင်အမြင်လွဲကာ ရန်သူဖြစ်သွားကြပုံကို သရုပ်ဖော်ထားသည့် “အထင်မလွဲကြေး” နှစ်မျက်နှာကာတွန်း၊ စကားကို ကတ်တီးကတ်ဖဲ့ပြောတတ်သော သားသားအကြောင်းကို သရုပ်ဖော်ထားသည့် “ဖားကြောက်တဲ့ သားသား” တစ်မျက်နှာ ကာတွန်းနှင့် ရွှံ့များပေကျံသွားသောကြောင့် မိမိချော်လဲလာသည်ကို မိခင်သိရှိသွားရပုံကို သရုပ်ဖော်ထားသည့် “ပိုင်ပိုင်လေး ပါဝင်သော မိုးကြောင့်” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

ကလေးတို့၏ နေ့စဉ်လူနေမှုဘဝ သာယာလုံခြုံစေရန်အတွက် အကူအညီပေးနေသူများ အကြောင်းကို ဗဟုသုတရဖွယ် ရေးသားထားသည့် “ပတ်ဝန်းကျင်ကို အကူအညီပေးကြသူများ (Community Helpers)” သုတဆောင်းပါး၊ သူတစ်ပါးပစ္စည်းကို တွေ့ရှိပါက မိမိပစ္စည်းကဲ့သို့ မြတ်နိုး တန်ဖိုးထားကာ ပိုင်ရှင်ကို ပြန်လည်ပေးအပ်သင့်ကြောင်း ရေးသားထားသည့် “ကိုယ်ကျင့်တရား လက်ကိုင်ထား” ဝတ္ထုနှင့် မိမိ၏ ကြောင်ဘဝကို မကျေမနပ်ဖြစ်ကာ ဘဝအမျိုးမျိုးကို ကူးပြောင်းခဲ့သော်လည်း နောက်ဆုံးတွင် ကြောင်ဘဝဖြင့်သာ ကျေကျေနပ်နပ် အဆုံးသတ်ခဲ့ရသော ကြောင်လေးအကြောင်း ကို ရေးသားထားသည့် “ကြောင်ဖြစ်ချင်တဲ့ ဘဝ” ပုံပြင်တို့ ပါဝင်ပါသည်။ ထို့ပြင် စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် အစရှိသည်တို့နှင့် ပတ်သက်သည့် ယဉ်ကျေးမှုအမွေအနှစ်များရှိရာ အစာဆိုဗိမာန်သို့ လာရောက် လေ့လာနိုင်ရန် ဖိတ်ခေါ်သည့်ကြော်ငြာ၊ လူကြီးမိဘတို့၏ ဆုံးမစကားကို နားမထောင်ဘဲ မျက်ကွယ်ပြုထားပါက ဘဝတွင် ဆုံးရှုံးပူလောင်မှုများနှင့် ကြုံတွေ့ရနိုင်ကြောင်း သီကုံးစပ်ဆိုထားသည့် “နောင်တမီး” ကဗျာ၊ လိမ္မာရေးခြားရှိစေရန်နှင့် ဝိဇ္ဇာ၊ သိပ္ပံစသည့်အတတ်ပညာများကို သင်ယူနိုင်စေရန် စာသင်ကျောင်းသို့ သွားရမည်ဖြစ်ကြောင်း သီကုံးစပ်ဆိုထားသည့် “ကျောင်းသွားရအောင်” ကဗျာနှင့် သီတင်းကျွတ်လ၏ ပတ်ဝန်းကျင်ရာသီဥတုအခြေအနေနှင့် ရာသီပွဲများအကြောင်းကို သီကုံးရေးစပ်ထားသည့် “သီတင်းကျွတ် လ ရာသီ” ကဗျာတို့ ပါဝင်ပါသည်။

အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဘဏ်၌ ချက်လက်မှတ်နှင့် ငွေသွင်းချင်သည့်အကြောင်းကို ဘဏ်သို့ လာရောက်သူနှင့် ဘဏ်ဝန်ထမ်းတို့ အပြန်အလှန်ပြောဆိုပုံအမျိုးမျိုးဖြင့် ရေးသားထားသည့် “ရွှေသွေး စကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍတို့ ပါဝင်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။   

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“အကြင်နာပန်းတို့ လန်းပါစေ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • သုတပဒေသာစာစောင်
  • ပုံနှိပ်ရေး
  • အခမ်းအနားများ
  • ပြိုင်ပွဲများ
  • စာအုပ်များ
  • စာကြည့်တိုက်
  • စာမူများ
  • အရောင်းဌာန
  • ပြည်သူ့လက်စွဲစာစဉ်
books
  • ၁၇ - ၁၀ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၄၂) ထွက်ရှိ

    16-Oct-2026
  • ၁၀-၁၀- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၄၁) ထွက်ရှိ

    09-Oct-2026
  • ၃- ၁၀- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၄၀)ထွက်ရှိ

    02-Oct-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman