ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၄)၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့် ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံးအမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော်ကြေငြာချက်၊ အမျိုးသားလွှတ်တော်ညေငြာချက်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံခြားပညာတော်သင်စိစစ် ရွေးချယ်စေလွှတ်ရေးကော်မတီ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ-၂၀၈ (င) အရ ကြေညာစာ သစ်လွင်သောကောင်းကင် အင်ဂျင်နီယာလုပ်ငန်း ကုမ္ပဏီလီမိတက် (Neo Sky Engineering Company Limited)၊ သစ်လွင်သောကောင်းကင် ပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် (Neo Sky International Company Limited) နှင့် သစ်လွင်သောကောင်းကင် ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (Neo Sky Services Company Limited) တို့၏ (ဆန္ဒအလျောက် ဖျက်သိမးဆဲ) နောက်ဆုံးအစည်းအဝေးဖိတ်ကြားစာ၊ မြေသခင် ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက် (Land Lord Construction Company Limited)၊ မြန်မာဒယ်ရီနယူထရေးရှင်း ကုမ္ပဏီလီမိတက် (Myanmar Dairy Nutrition Company Limited)၊ မြန်မာမစ်(ခ်) ဖမ်းကုမ္ပဏီလီမိတက် (Myanmar Milk Farm Company Limited) တို့၏ မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေပုဒ်မ-၂၀၆ (၁)အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ Microfinance Delta Company Limited နှင့် CSI MYANMAR COMPANY LIMITED တို့၏ ဖျက်သိမ်းရန် ကြော်ငြာချက်၊ EKPAVEE COMPANY LIMITED (MYANMAR BRANCH) (Members Voluntary Wingding -Up) INVITATION TO FINAL MEETING၊ ဖလိုးဆစ်(စ်) တင်(မ်စ်)အင်(န်) တက်ဂရေ့(တ်) ရှဲ(န်)(မြန်မာ)ကုမ္ပဏီလီမိတက် [FLOW SYSTEMS INTEGRATION (MYANMAR) COMPANY LIMITED] အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ Myanmar Companies Act 208 (E) (Voluntary Liquidation) Think Tank Project Management & Consulting Company Limited တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၃၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။