ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၂)၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့် ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံးအမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့် ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြန်ကြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြန်ထောင်စု ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ကျန်းမာရေး ဝန်ကြီးဌာန ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့အမိန့်ကြော်ငြာစာ၊ ပြည်နယ်အစိုးရ အဖွဲ့ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် ရွှေစင်ဝင်းဝါ ကုမ္ပဏီလီမိတက် (Shwe Sin Win War Company Limited) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆(၁)အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈(င) အရ ကြေညာစာ ယူနီတီး(မ်)တိုး(စ်)အင် (န်) ထရယ်ဗဲ (လ်) (စ်) လီမိတက် (Uniteam Tours and Travels Limited)၊ ညီညွတ်သောအုပ်စု ကမ်းလွန်ဆောင်ရွက်မှုများ လီမိတက် (Uniteam Offshore Solutions Limited) တို့၏ (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေးဖိတ်ကြားစာ တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၃၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။