ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၆)၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ် ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံးအမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အမိန့် ကြော်ငြာစာ၊ အမျိုးသားပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေးကော်မတီ အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် MYANMAR NOUVEAU STEEL COMPANY LIMITED နှင့် OBLIGATED MERCHANDISING TRADING COMPANY LIMITED တို့ကို နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ HNH COMPANY LIMITED၊ RED BERRY COMPANY LIMITED၊ ARCHITECTURE THREE CONSTRUCTION COMPANY LIMITED နှင့် OCEAN GOLDEN PEARL GROUP COMPANY LIMITED တို့ ဖျက်သိမ်းရန် ကြော်ငြာချက်၊ MULTI LEVEL MARKETING NETWORK CO., LTD. ကုမ္ပဏီ ဖျက်သိမ်းကြောင်းကြော်ငြာ၊ အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းခြင်း၊ ပီအီးအက် (စ်) လန်ယာ ကုမ္ပဏီ လီမိတက်၊ ပီအီးအက်(စ်)ဆယ်(လ်)ဝမ် ကုမ္ပဏီလီမိတက်နှင့် ပီအီးအက်(စ်)စစ်တောင်းကုမ္ပဏီလီမိတက်တို့ (အစုရှင်များဆန္ဒအရ ဖျက်သမ်းဆဲ) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၈(င) အရအပြီးသတ် နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ မီဂါ ၃ ကုမ္ပဏီလီမိတက် ၏မြန်မာနိုင်ငံကုမ္ပဏီ များ အက်ဥပဒေပုဒ်မ၂၀၆ (၁) အရ ကြော်ငြာစာတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၃၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။