ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၅)၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့် ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံးအမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ-၂၀၆ (၁) အရ Future Plus Mining Co., Ltd. ကို အစုရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာချက်၊ ရွိုင်ယဲ(လ်) ပဲရဲဂဲ (န်) ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် (ROYAL PARAGON CONSTRUCTION COMPANY LIMITED) နှင့် စန္ဒြာ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (SANDRAR TRADING COMPANY LIMITED) တို့၏ ကုမ္ပဏီဖျက်သိမ်းကြောင်းကြော်ငြာ၊ အစုရှယ်ယာရှင်များ၏ ဆန္ဒ အလျောက် ဖျက်သိမ်းခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ ၂၀၆ (၁) အရ ကြော်ငြာစာ မိုးမြင့်မိုရ် ရက်ဆော့ (စ်)စစ် လီမိတက် (MOE MYINMOE RESOURCES LIMITED) နှင့် ကြယ်တစ်ဆယ့်တစ်ပွင့် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် (ELEVEN STAR INTERNATIONAL COMPANY LIMITED.)၊ ADF MYANMAR LIMITED၊ MYANMAR LION TRADING COMPANY LIMITED နှင့် SEVEN STAR TRADING COMPANY LIMITED တို့၏ ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ INDO ORIENTAL TRAVELS & TOURS CO., LT ဖျက်သိမ်းရန် ကြော်ငြာချက်၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို အလိုအလျောက်ဖျက်သိမ်းကြောင်း ကြေညာခြင်း မြန်မာရာသီစုံ ဝန်ဆောင်မှုကုမ္ပဏီ လီမိတက် (Myanmar All Seasons Services Co., Ltd.) Pelatron Inc .,(Branch Office of Myanmar) (Under Liquidation) [ Under Section 208 (E) of Myanmar Company Act] တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၃၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။