ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်ထုတ် အတွဲ (၇၂)၊ အမှတ် (၂၈) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး ကြေညာချက်၊ ပြည်သူ့လွှတ်တော် ကြေညာချက်၊ အမျိုးသားလွှတ်တော် ကြေညာချက်၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် အေရှားအီလက်ထရစ်ဝိုင်ယာ အင် (န်) ကေဘယ်(လ်) ကုမ္ပဏီလီမိတက် (ASIA ELECTRIC WIRE & CABLE COMPANY LIMITED)၊ အောင်နေဝန်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (AUNG NAY WUN TRADING COMPANY LIMITED) နှင့် တယ်လီအိပ် (က်စ်) ပရက်(စ်) ကုမ္ပဏီလီမိတက် (AUNG NAY WUN TRADING COMPANY LIMITED) တို့၏ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ - ၃၄၈ အရ ကုမ္ပဏီတွင် ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း၊ Golden Owl Industries Product Limited ဖျက်သိမ်းရန် ကြေညာချက်၊ ရန်ကုန် ဖန်း (ဒ်) ကုမ္ပဏီလီမိတက် (အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းဆဲ) မြီရှင်များအား ကြွေးမြီတောင်းခံရန် နှိုးဆော်လွှာ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၏ပုဒ်မ ၃၄၅ နှင့် ၃၄၈ အရ ကြော်ငြာစာ ရန်ကုန် ဖန်း (ဒ်) ကုမ္ပဏီလီမိတက်တို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။